DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာလ သီလရှင်စာသင်တိုက်များအတွက်  ခေတ်သစ်ဖောင်ဒေးရှင်းက ဆွမ်းဆန်လှူ 
DVB
·
September 30, 2020
ကိုဗစ်ကာလ သီလရှင်စာသင်တိုက်များအတွက်  ခေတ်သစ်ဖောင်ဒေးရှင်းက ဆွမ်းဆန်လှူ 
1 / 4
Donate to DVB

ရန်ကုန်တိုင်းအတွင်းက သီလရှင်စာသင်တိုက် ၇ တိုက်ကို သရုပ်ဆောင်မင်းသမီး ချစ် သုဝေနဲ့ အဆိုတော်လင်းလင်းတို့ဇနီးမောင်နှံတည်ထောင်ထားတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းနဲ့ Clean Yangon အ ဖွဲ့တို့ ပူးပေါင်းပြီး ဆွမ်းဆန်နဲ့ လိုအပ်တဲ့ လှူဖွယ်ပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။

လတ်တလော ကိုဗစ်-၁၉ ရောဂါဒုတိယလှိုင်းကာလမှာ ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၄၄ မြို့နယ်ဟာ Stay At Home သတ်မှတ်ထားတာမို့ ဆွမ်းဆန်အလှူခံ ထွက်မရ တဲ့အတွက် ဒီအခက်အခဲကို ပြေလည်စေဖို့ ခုလိုလှူဒါန်းရတာဖြစ်တယ်လို့ ဆိုပါတယ်။

လှူဒါန်းမှုအနေနဲ့ စာသင်တိုက်တခုစီကို ကာလတန်ဖိုး ၃ သိန်းကျော်တန်ဖိုးရှိတဲ့ ဆွမ်းဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်အဖြူ/အနီ၊ ကြက်ဥ၊ ငပိကြော်၊ မုန့်မျိုးစုံနဲ့ Mask တွေကို လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။

ခေတ်သစ်ဖောင်ဒေးရှင်းနဲ့ Clean Yangon ပရဟိတအဖွဲ့အနေနဲ့ ရန်ကုန်မြို့ တွင်းက သီလရှင်စာသင်တိုက် ၂၅ တိုက်ကို လှူဒါန်းသွားဖို့ရှိနေပြီး ခုတခါမှာတော့ မြိုင် သီလရှင်ကျောင်း၊ ကမ်းဇေယျာ သီလရှင်စာသင်တိုက်၊ ရွှေရတနာ သီလရှင်စာသင်တိုက်၊ ဓမ္မမဟေသီရွှေနံ့သာ သီလရှင်စာသင်တိုက်၊ ခေမာရာမ သီလရှင်စာသင်တိုက်၊ ကေသာ ရာတီ သီလရှင်ကျောင်း၊ ရွှေစင်ရတနာ စာသင်တိုက်တို့ကို ကနဦးအနေနဲ့ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ခေတ်သစ်ဖောင်ဒေးရှင်းကိုတော့ ချစ်သုဝေနဲ့ လင်းလင်းတို့ရဲ့ အမြွှာရင်သွေး ၂ ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ရဲ့ နှစ်နှစ်ပြည့် မွေးနေ့အမှတ်တရအ နေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး မိသားစုမတည် အလှူ ငွေကျပ်သိန်း ၂၀၀ နဲ့ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

ဖောင်ဒေးရှင်းက အလှူငွေတွေနဲ့ အသက် ၅ နှစ်အောက် အမှန်တကယ် ခွဲစိတ်စရိတ် လိုအပ်နေတဲ့ မွေးရာပါနှလုံးအပေါက်ပါ ရောဂါရှင်ကလေးငယ်တွေအတွက် ရည်ရွယ်လှူဒါန်းမှုတွေ ပြုလုပ်နေတာဖြစ်ကာ နောက်ပိုင်းမှာတော့ တခြားလိုအပ်တဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးဆိုင်ရာ ထောက်ပံ့လှူဒါန်းမှုတွေကိုလည်း လုပ်ဆောင် လာခဲ့တာပါ။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ရောဂါအတွက် တဖက်တလမ်းကနေ ထောက်ပံ့လှူဒါန်းမှုတွေကို အခါအားလျော်စွာ ပြုလုပ်လာနေခဲ့ပြီး သိပ်မကြာခင်ကလည်း ရန်ကုန်ဆေးရုံကြီး ကိုဗစ်-၁၉ စောင့်ကြည့် လူနာတွေ ထားရှိဖို့ Tent တလုံးစာ သိန်း ၂၀၀ ကို စက်တင်ဘာ ၁၅ ရက်နေ့မှာ ကနဦး အလှူအနေနဲ့ လှူဒါန်းခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း ရန်ကုန်မြို့၊ ရိုးမရိပ်သာ ကိုဗစ်-၁၉ ဆေးရုံကို ရေပူရေအေးစက်အလုံး ၂၀ နဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေကို အဖွဲ့အနေနဲ့ လှူဒါန်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013