DVB Logo
Home
မြန်မာသတင်း
ချစ်သုဝေတို့ ဇနီးမောင်နှံ စစ်တွေဆေးရုံအတွက် ကျန်းမာရေးပစ္စည်းများလှူဒါန်း
DVB
·
August 24, 2020
ချစ်သုဝေတို့ ဇနီးမောင်နှံ စစ်တွေဆေးရုံအတွက် ကျန်းမာရေးပစ္စည်းများလှူဒါန်း
1 / 2
Donate to DVB

       ရခိုင်ပြည်နယ်၊ စစ်တွေဆေးရုံနဲ့ ရန်ကုန်မြို့က လှိုင်ကွာရန်တင်းစင်တာတွေကို သ ရုပ်ဆောင်မင်းသမီး ချစ်သုဝေတို့ ဇနီးမောင်နှံ တည်ထောင်ထားတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းက လိုအပ်မယ့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေ ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

[caption id="attachment_406352" align="alignleft" width="420"] လှိုင်ကွာရန်တင်းစင်တာတွင် ခေတ်သစ်ဖောင်ဒေးရှင်းမှ ကျန်းမာရေးပစ္စည်းများလှူဒါန်းစဉ်[/caption]

ဖောင်ဒေးရှင်းအနေနဲ့ စစ်တွေဆေးရုံကို PPE အစုံ ၁၀၀ အပါအဝင် Glove (5) Boxes ၊ Face Shield (100) pcs ၊ Adult Filter (200) ခု ၊ Scrub Suit (25) စုံ ၊ N (95)-40 တို့ကို ရန်ကုန်ကနေ တာဝန်နဲ့ သွားကြတဲ့ မေ့ဆေးဆရာဝန်တွေကတဆင့် လှူဒါန်းခဲ့ တယ်လို့ ဩဂုတ် ၂၂ ရက်က ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားခဲ့ တာပါ။

       ချစ်သုဝေကတော့ ဒီအကြောင်းကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှတဆင့် ခုလိုရေးသားပြီး မျှဝေထားခဲ့တာ ဖြစ်ပါတယ်။

       “နိုင်သ​လောက်​လေး​ပြေးကူ ​ပြေးလှူ… စာရင်းပိတ်ပြီးလက်ကျန် ​ဆေးပစ္စည်း​လေး​တွေ ချန်ထားခဲ့တာမှန်သွားတယ်… အကယ်၍များ...ဟာတကယ်ဖြစ်လာ​လေ​တော့ နိုင်သ​လောက်ခွဲလှူ ခဲ့ပါတယ်… COVID အတွက်လှူဒါန်းခဲ့တဲ့အလှူရှင်များ ကိုယ်စိတ်နှလုံးချမ်း​မြေ့ပါ​စေ… အားလုံးစိတ်အလိုမလိုက်ပဲ အ​ပျော်ခရီး, အပြင်မှာအ​ပျော်ဆုံ​တွေ့စား​သောက်ခြင်း​တွေ တတ်နိုင်သမျှ ထိန်း​ပေးကြရ​အောင်​နော်… မဖြစ်မ​နေအလုပ်အတွက်သာ NEW NORMAL lifestyle ကျင့်သုံးပြီး တဦးနဲ့တဦး ကာကွယ်ကြရ​အောင်”

       ရန်ကုန်မြို့၊ လှိုင်ကွာရန်တင်းစင်တာကိုတော့ Face shield (100) ခု ၊ Glove (5) Boxes ၊ Scrub Suit (10) စုံတို့ကို ပေးအပ်လှူဒါန်းလိုက်တယ်လို့ ဒီကနေ့ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

ခေတ်သစ်ဖောင်ဒေးရှင်းကိုတော့ ချစ်သုဝေနဲ့ လင်းလင်းတို့ရဲ့ အမြွှာရင်သွေး ၂ ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ရဲ့ နှစ်နှစ်ပြည့် မွေးနေ့အမှတ်တရအ နေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး မိသားစုမတည် အလှူငွေကျပ်သိန်း ၂၀၀ နဲ့ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

  ဖောင်ဒေးရှင်းက အလှူငွေတွေနဲ့ အသက် ၅ နှစ်အောက် အမှန်တကယ် ခွဲစိတ် စရိတ် လိုအပ်နေတဲ့ မွေးရာပါနှလုံးအပေါက်ပါ ရောဂါရှင်ကလေးငယ်တွေအတွက် ရည်ရွယ်လှူဒါန်းမှုတွေ ပြုလုပ်နေတာဖြစ်ကာ နောက်ပိုင်းမှာတော့ တခြားလိုအပ်တဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးဆိုင်ရာ ထောက်ပံ့လှူဒါန်းမှုတွေကိုလည်း လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

       လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ရောဂါ အတွက် တဖက်တလမ်းကနေ ထောက်ပံ့လှူဒါန်းမှုတွေကို အခါအားလျော်စွာ ပြုလုပ်လာ နေခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013