DVB Logo
Home
မြန်မာသတင်း
တိုင်း(မ်)မဂ္ဂဇင်းကို ရန်ကုန်မှာ သံဃာထောင်ချီ ကန့်ကွက်
DVB
·
June 30, 2013
တိုင်း(မ်)မဂ္ဂဇင်းကို ရန်ကုန်မှာ သံဃာထောင်ချီ ကန့်ကွက်
Donate to DVB

မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူကို မျက်နှာဖုံးတင် ရေးသားဖော်ပြထားတဲ့ တိုင်း(မ်)မဂ္ဂဇင်းကို ရဟန်းသံဃာနဲ့ ပြည်သူလူထု  အင်အား ထောင်ချီပြီး ရန်ကုန်မြို့ လွတ်လပ်ရေးကျောက်တိုင်ရှေမှာ ဒီကနေ့ မွန်းလွဲပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

ဇူလိုင် ၁ ရက်ထုတ် တိုင်း(မ်)မဂ္ဂဇင်းပါ ဦးဝီရသူနဲ့ ဗုဒ္ဓဘာသာကို အကြမ်းဖက်သူလို့ စွပ်စွဲ တာကို ကန့်ကွက်ခြင်းနဲ့ သမ္မတက တိုင်း(မ်)မဂ္ဂဇင်းကို ကန့်ကွက်တာကို ထောက်ခံတဲ့အနေနဲ့ အခုလို စုဝေးဆန္ဒပြကြတာလို့ ဦးဆောင်သံဃာတပါးဖြစ်တဲ့ မကွေးဆရာတော် ဦးပါမောက္ခက မိန့်ပါတယ်။

“နိုင်ငံတော်က လုပ်ထားတာက တပိုင်း၊ သာသနာရေးဝန်ကြီးဌာနက လုပ်တာကတပိုင်း၊ ဘုန်းကြီးတို့လည်း ဒါကို လုပ်သင့်တယ်လို့ မြန်မာပြည်သူနဲ့ ကမ္ဘာ့ပြည်သူများ ပိုပြီးသိအောင်၊ သူတို့က ကြေညာချက်လောက်တင် ထုတ်သွားတာ၊ ဘုန်းကြီးတို့က လက်တွေ့ အင်္ဂလိပ်ဘာသာနဲ့တမျိုး၊ မြန်မာဘာသာနဲ့တမျိုး ကမ္ဘာမှာရှိတဲ့ ဘာသာဝင်အားလုံးသိအောင် ဗုဒ္ဓ၀ါဒသည် အကြမ်းဖက်ဝါဒမဟုတ်၊  သူတပါးအသက်ကို ကိုယ်ကိုယ်တိုင် သတ်ခြင်း၊ သူတပါးကို သတ်ဖို့ တိုက်တွန်းခြင်း စေခိုင်းခြင်းတို့ကို မပြုလုပ်ဘူး။ ဗုဒ္ဓ၀ါဒသည်ကို ငြိမ်းချမ်းရေးဝါဒကို ကျင့်သုံးတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ ဘာသာဝင်တွေအားလုံး၊ နိုင်ငံခေါင်းဆောင်အသီးသီး၊ ဗုဒ္ဓ၀ါဒရဲ့ အခြေအမြစ်ကို တိတိကျကျလိုက်နာပြီး နားလည်သွားပါက အားလုံး ဘာသာဝင်အဖြစ် ပြောင်းလဲသွားနိုင်ကြောင်း သိစေချင်တဲ့ ဆန္ဒပေါ့။”

ကန့်ကွက်ဆန္ဒပြပွဲမှာ ဟောပြောခြင်း၊ ဆူးလေးပန်းခြံကို တပတ်ပတ်ပြီး ကြွေးကြော်သံတွေ ကြွေးကြော်ခြင်းတို့ လုပ်ဆောင်ခဲ့ကြပြီး ငြိမ်ငြိမ်းချမ်းချမ်းပဲ ပြီးသွားပါတယ်။

ဇွန် ၂၇ ရက်ကပဲ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က အောင်ဆန်းကျောင်းတိုက်မှာ သံဃာ ထောင်ကျော် စုဝေးခဲ့ကြပြီး အမျိုးဘာသာ၊ သာသနာထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013