DVB Logo
Home
သတင်းဓာတ်ပုံ
အိုလံပစ်နေ့အကြို ကာယဗလပြိုင်ပွဲ ကျင်းပ (သတင်းဓာတ်ပုံ)
DVB
·
June 28, 2013
အိုလံပစ်နေ့အကြို ကာယဗလပြိုင်ပွဲ ကျင်းပ  (သတင်းဓာတ်ပုံ)
Donate to DVB

မြန်မာနိုင်ငံ အားကစားနှင့် ကာယဗလ အဖွဲ့ချုပ်က အိုလံပစ်နေ့ အကြိုအဖြစ် ကျင်းပတဲ့ အမျိုးသား ကာယဗလ ပြိုင်ပွဲ နဲ့ အမျိုးသမီးကြံ့ခိုင်မှုစွမ်းရည် (Model Physique) ပြိုင်ပွဲကို ရန်ကုန် မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) မှာကျင်းပပါတယ်။

အလွတ်တန်းအဆင့် ကာယဗလ ပြိုင်ပွဲမှာ ပထမဆုကို သန်းနိုင်၊ ဒုတိယ ညီသူ၊ တတိယ ကို ကျော်မင်းက။ အသက် ၂၁ နှစ်အောက် ကာယဗလပြိုင်ပွဲမှာ ပထမ လှဌေး၊ ဒုတိယ ဇော်သူအောင်၊ တတိယ စောစတီဗင်။ အသက် ၅၂ နှစ် အထက် ကာယဗလပြိုင်ပွဲမှာ ပထမ ဦးပြား၊ ဒုတိယ တင်ငွေ၊ တတိယ သိန်းဟန်တို့က အသီင်္းသီး ရရှိခဲ့ကြပါတယ်။

ဒီနောက် အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှု (Model Physique) နောက်ဆုံးအဆင့် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အရပ် ၅ ပေ ၃ လက်မ အထက် ပြိုင်ပွဲမှာ ပထမ ခိုင်ဝေလွင်၊ ဒုတိယ ခေါမင်း၊ တတိယ ၀ိုင်းချစ်စု။ အရပ် ၅ပေ ၃ လက်မအောက် ပြိုင်ပွဲမှာ ပထမ နန်းထက်ထက်သင်း၊ ဒုတိယ သူဇာလှို၊ တတိယ ၀တ်ရည်သန့်။ဒါ့အပြင် လက်ရွေးစင်တွေကို ရွေးချယ်ပြီး Champion of Charming ပြိုင်ပွဲကို လက်ရွေးစင် ပြိုင်ပွဲဝင် ၆ ယောက်ပါဝင်ယှဉ်ပြိုင်ပါတယ်။ ပထမဆုကို နန်းထက်ထက်သင်း၊ ဒုတိယဆုကို အေးအေးစိုး၊ တတိယဆုကို ခေါမင်း တို့ကို အသီးသီးချီးမြှင့်ပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်ပါတယ်။ Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013