DVB Logo
Home
မြန်မာသတင်း
မလေးရှား အကြမ်းဖက်မှု ပါးနပ်စွာကိုင်တွယ်ရန် လိုအပ်
DVB
·
June 2, 2013
မလေးရှား အကြမ်းဖက်မှု ပါးနပ်စွာကိုင်တွယ်ရန် လိုအပ်
Donate to DVB

မလေးရှားမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်နေတာတွေကို မြန်မာသံရုံး မြန်မာအစိုးရနဲ့ မလေးရှားအစိုးရတို့ ပူးပေါင်းပြီး ပါးပါးနပ်နပ် ကိုင်တွယ်ဖို့ လိုတယ်လို့ ကပုန်းကျောင်းဆရာတော် ဦးအိန္ဒိက က မိန့်ပါတယ်။

အရှင်ဘုရားတို့ကျောင်းမှာ ဆလာတန်းက မြန်မာအလုပ်သမား ၁၀၀ လောက် ရောက်ရှိ ခိုလှုံနေတယ်လို့ ကြားရလို့ပါ။

“အခုလောလောဆယ် အဲလောက်မရှိတော့ဘူး။ မနေ့ကတော့ ရောက်လာကြတယ်။ အခုလောလောဆယ် ၂၀ လောက်တော့ ရှိတယ်။”

သူတို့ဘာကြောင့်ရောက်လာကြလဲ ဘုရား၊ ကြောက်ပြီးတော့ ပြေးလာကြတာလား။ အရှင်ဘုရားတို့ ဘယ်လိုကြားရလဲဘုရား။

“သူတို့ သူငယ်ချင်းတွေ ဓားတွေနဲ့ခုတ်ခံရလို့ ကြောက်ပြီးပြေးလာကြတာ။”

အရှင်ဘုရားတို့ ဘယ်လိုမြင်ပါလဲ ဘုရား။ တကယ်ဟုတ်ပါလား။ ခုတ်ခံရတာ သေတာ အများကြီးပဲကြားလား။ ဘယ်လိုကြားလဲ ဘုရား။

“ခုတ်ခံရတာ၊ သေတာတွေများတယ် တကယ်ခုတ်တာတော့ သေချာတယ်။ ဘယ်နှယောက်သေတယ်ဆိုတာ မသိဘူး။ ဒီနားမှာ သူတို့ သူငယ်ချင်းတွေ ဆေးရုံရောက်နေတာတွေ၊ သေသွားတာတွေ ရှိတယ်၊ သွားကြည့်နေကြတယ်။ လူဦးရေ ဘယ်လောက်သေတယ်ဆိုတာ ပြောဖို့ခက်တယ်။ ဟိုနားလုပ်လိုက်၊ ဒီနားအခုတ်ခံလိုက်ရဆိုတော့ ဘယ်နှယောက်ဆိုတာ ပြောဖို့ခက်တယ်။”

ဟိုနားဒီနားဆိုတာ ဘယ်နေရာတွေလဲ ဘုရား။

“ဆလာယန်း၊ ဆလာယန်းဆိုတာ အကျယ်ကြီး၊ ရပ်ကွက်ပေါ့၊ မြန်မာပြည်မှာဆို မြောက်ဥက္ကလာလိုနေရာပေါ့။ အဲတနေရာမှာဖြစ်နေတာ။”

ဒါဘယ်လိုကြောင့် မြင်ရလဲ ဘုရား။ ပြည်တွင်းမှာဖြစ်နေတာတွေက အဲကို ဂယက်ရိုက်တာလား ဘုရား။

“လားရှိုးကိစ္စဖြစ်ပြီး သိပ်မကြာဘူး ဖြစ်တာပဲ။ ပြည်တွင်းဂယက်ကြောင့်လို့ပဲ ထင်တယ်။ လားရှိုးကိစ္စပြီးတော့ ဒီပြဿနာတွေ ပေါ်လာတယ်။”

ကလေးတွေလည်းပြေးလာကြတယ်။ အရှင်ဘုရားတို့ကျောင်းကို ရောက်လာတယ်။ သတ်ခံရသူတွေလည်း ကြားတယ်ဆိုတော့ မြန်မာသံရုံးကရော ကျောင်းကိုဆက်သွယ်ပြီး ဒုက္ခသည်တွေ လာခိုလှုံသူတွေကို စုံစမ်းဆက်သွယ်တာ ရှိပါလား။

“ဒီကိစ္စဖြစ်တာ ၄-၅ ရက်လောက် ရှိပြီ။ အစောပိုင်းက ဦးဇင်းတို့က ကလေးတွေကို သံရုံးကိုသွား အကြောင်းကြားလို့ ပြောတော့ သံရုံးက ရန်ဖြစ်တယ်ပဲ ထင်နေတာ။ ရန်ဖြစ်တာ မဟုတ်ဘူး မင်းတို့အခက်အခဲကို ပြောပြဆိုတော့ သံရုံးကအစပိုင်းမယုံဘူး။ နောက်ပိုင်း ကျယ်ပြန့်လာတော့ မနေ့က သူတို့စ လှုပ်ရှားတယ်ပြောတယ်။ သံရုံးက လ၀ကတို့ သက်ဆိုင်ရာ ရဲချုပ်တို့ကို ဆက်သွယ် စာပို့ထားတယ်တော့ ပြောတယ်။”

အရှင်ဘုရားတို့ကျောင်းကိုရော ဆက်သွယ်လား။

“မနေ့က ဆက်သွယ်တယ်။ ဖြစ်တာက ၄-၅ ရက်ရှိပြီ။ ဆက်သွယ်ပြီး ဘာပြောလဲဆိုတော့ လ၀က၊ သက်ဆိုင်ရာ အစိုးရဌာနတွေ၊ ရဲချုပ်တို့ကို လုံခြုံမှုရှိဖို့ စာပို့ပြီးပြီ ပြောတယ်။”

ထွက်ပြေးလာတဲ့ ကလေးတွေအတွက်ရော တစုံတရာ အကူအညီပေးမယ် ဘာမှမပြောဘူးလား ဘုရား။

“သံရုံးကဆိုတော့ သံတမန်စကားပဲပြောပါတယ်၊ တပည့်တော်တို့ လာကြည့်သင့်ပါတယ် ဒီလောက်ပဲပြောသွားတယ်။ လာတော့ မကြည့်ပါဘူး။”

အခုဖြစ်နေတာတွေက ကလေးတွေရှောင်ပေးလိုက်လို့ပဲ ပြီးသွားမလား။ စိုးရိမ်စရာရှိလား။ အရှင်ဘုရားတို့ ဘယ်လိုမြင်ပါလဲ။

“ဒီကိစ္စက မလေးရှားအစိုးရရော။ မြန်မာအစိုးရ၊ သံရုံး တာဝန်ရှိသူတွေရော သေသေချာချာ ကြပ်ကြပ်မတ်မတ်နဲ့ ပါးပါးနပ်နပ်ကိုင်တွယ်သင့်တယ်လို့ ထင်တယ်။” Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013