မန်ယူဂန္တ၀င်ဘောလုံးသမားများ သုဝဏ္ဏကွင်းကို သွားရောက်
DVB
·
April 26, 2013

မန်ယူဂန္တ၀င်ဘောလုံးသမားတွေဖြစ်တဲ့ နောက်ခံလူ ဒင်းနစ်အာဝင်၊ ရှေ့တန်းတိုက်စစ်မှူး အင်ဒီကိုးလ်၊ ကွင်းလယ်ကစားသမား ကလေတန်ဘလက်မိုးနဲ့ လီရှပ်တို့ ၄ ဦးဟာ ဒီနေ့ မြန်မာနိုင်ငံကို ရောက်ရှိခဲ့ကြပြီး သာကေတရှိ မဟာဂန္ဓာရုံဘုန်းတော်ကြီး သင်စာသင်ကျောင်းနဲ့ သုဝဏ္ဏ အားကစားကွင်းကို သွားရောက် လည်ပတ်ခဲ့ကြပါတယ်။
မန်ယူဂန္တ၀င်တွေဟာ မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းတွေနဲ့ နှစ်သင်းခွဲပြီး ဇွန်လ ၉ ရက်နေ့ ညနေ ၄ နာရီ သုဝဏ္ဏကွင်းမှာ ခြေစမ်းပွဲ ကစားကြမယ်လို့ သိရပါတယ်။ Read more