Home
သတင်းတို
ဒီလှိုင်းအပါအ၀င် သတင်းစာ ၈ စောင်ကို ထုတ်ဝေခွင့်ပြု
DVB
·
March 26, 2013
ထုတ်ဝေသူ ဒေါ်အောင်ဆန်းစုကြည်အမည်နဲ့ ဒီလှိုင်းနေ့စဉ်သတင်းစာအပါအ၀င် သတင်းစာ ၈ စောင်ကို ထုတ်ဝေခွင့်ပြုလိုက်ပြီလို့ ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။ မနေ့က ပြန်ကြားရေးဝန်ကြီးရုံးမှာ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေး ဗဟိုအဖွဲ့က စုံညီအစည်းအဝေးခေါ်ယူပြီး သတင်းစာလျှောက်ထားမှုတွေကို စိစစ်ပြီး ထုတ်ဝေခွင့်ပြုလိုက်တာဖြစ်ပါတယ်။ ယခင် ထုတ်ဝေခွင့်ပြုထားပြီး သတင်းစာ ၈ စောင်အပါအ၀င် ပုဂ္ဂလိက နေ့စဉ်သတင်းစာ ၁၆ စောင်ကို ထုတ်ဝေခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ မနေ့က ထုတ်ဝေခွင့်ပြုလက်လိုက်တဲ့ သတင်းစာတွေကတော့ The Daily Eleven၊ စံတော်ချိန်၊ ခေတ်သစ်နေ့စဉ်၊ ရန်ကုန်တိုင်း(မ်)၊ မြန်မာဓိက၊ ဒီလှိုင်း၊ ပြည်ထောင်စုအသံ၊ ၇-ရက်နေ့စဉ်တို့ ဖြစ်ပါတယ်။ စစ်ဆေးဆဲ လျှောက်လွှာ ၃ စောင်နဲ့ ထပ်မံလျှောက်ထားမယ့် လျှောက်လွှာတွေကိုလည်း ဆက်လက်စိစစ်ပြီး ဧပြီလအတွင်း ကျင်းပမယ့် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်ဗဟိုအဖွဲ့ရဲ့ အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ ဒီလှိုင်းသတင်းစာကို ဒီလှိုင်းစာစောင်ပုံစံ၊ ဒီဇိုင်းနဲ့ ထုတ်ဝေသွားမှာဖြစ်ပြီး သတင်းစာကို ပါတီအာဘော်အနေနဲ့ ထုတ်ဝေမှာမဟုတ်ဘဲ ပြည်သူ့သတင်းစာအဖြစ် ထုတ်ဝေသွားမယ်လို့ ဒီလှိုင်းဂျာနယ်တာဝန်ခံ အယ်ဒီတာ ဦးအုန်းကြိုင်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024