DVB Logo
Home
သတင်းတို
မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲသူ ၂ သိန်းကျော်လာ
DVB
·
September 3, 2012
မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲသူ ၂ သိန်းကျော်လာ
Donate to DVB

၂၀၁၁ ခုနှစ် ဩဂုတ်လအထိ ရန်ကုန်၊ မန္တလေးမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုသူ ၂၅၀၀ ကျော် ရှိရာကနေ ၂၀၁၂ ဩဂုတ်လ အရောက်မှာ ၂ သိန်း ၁ သောင်းနီးပါး ရှိလာကြောင်း မြန်မာ့ဆက်သွယ်ရေး အင်ဂျင်နီယာချုပ် တဦးက ပြောပါတယ်။

ရန်ကုန်တမြို့တည်းမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက်သုံးသူ ၂၀၄,၅၂၃ ယောက် ရှိပြီး အသုံးပြုနေတဲ့ Band Width ဟာလည်း ၂၀၁၁ က (100 M) ပဲ ရှိခဲ့ရာကနေ ၂၀၁၂ မှာတော့ (660 M) အထိ ၆ ဆ ကျော်ရှိလာတယ်လို့ ဆိုပါတယ်။
မိုဘိုင်းဖုန်းစနစ်နဲ့ ပတ်သက်ရင် လက်ရှိ မြန်မာနိုင်ငံမှာ 3G စနစ်ကို အသုံးပြုနေပြီး လာမယ့် ၂၀၁၃ အရှေ့တောင်အာရှ အားကစားပွဲ (ဆီးဂိမ်း) အမီ 4G စနစ် မြှင့်တင်သုံးစွဲနိုင်အောင် စမ်းသပ်နေတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013