အကယ်ဒမီဆုကို ရုပ်ရှင်အစည်းအရုံးက ရွေးချယ်ပေးအပ်မည်
DVB
·
September 3, 2012
မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ဂုဏ်သိက္ခာ ပြန်တက်လာအောင် ဆုကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကပဲ စီစဉ်ပြီး ပေးသွားတော့မယ်လို့ အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရုပ်ရှင်လောကသားတွေအတွက် အကြီးကျယ်ဆုံးပွဲဖြစ်တဲ့ အကယ်ဒမီ ဆုပေးပွဲကို အာဏာပိုင်တွေကပဲ ဦးဆောင်ကျင်းပ ပေးအပ်လာခဲ့တာ အနုပညာစံချိန်စံညွှန်းတွေနဲ့ တဖြည်းဖြည်း ဝေးကွာခဲ့ပြီး အစိုးရထောက်ခံတဲ့ ဇာတ်ကားနဲ့ အနုပညာသည်တွေကိုသာ ပေးတဲ့ ဆုအဖြစ် ကျဆင်းသွားကာ ပြည်သူတွေရဲ့ စိတ်ဝင်စားမှုလည်း လျော့ကျခဲ့ပါတယ်။
ဒီအတွက် လွတ်လပ်တဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနဲ့ အနုပညာသည်တွေဟာ ၂၀၁၃ ခုနှစ် ရုံတင်တဲ့ ဇာတ်ကားတွေကစပြီး အကယ်ဒမီ ဆုတွေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေအတိုင်း လွတ်လွတ်လပ်လပ် ရွေးချယ်ချီးမြှင့်သွားမှာဖြစ်ကြောင်း ဦးဇင်ဝိုင်းက ပြောပါတယ်။