အိန္ဒိယ-မြန်မာ အိမ်တွင်းမှု အနုပညာပြပွဲ
DVB
·
February 20, 2013
ပထမအကြိမ် အိန္ဒိယ-မြန်မာ အိမ်တွင်းမှု အနုပညာပြပွဲကို မန္တလေးအမျိုးသားကဇာတ်ရုံမှာ ဒီနေ့ စတင်ပြသပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့ထိ ပြသသွားမှာဖြစ်ပြီး မနက် ၁၀ နာရီကနေ ညနေ ၆ နာရီထိ ဖွင့်လှစ်ထားမှာပါ။ အိန္ဒိယနိုင်ငံက ဝါးနဲ့ပြုလုပ်တဲ့လက်မှုပစ္စည်းတွေ၊ မြက်နဲ့ပြုလုပ်တဲ့လက်မှုပစ္စည်းတွေ၊ အဝတ်အထည်တွေနဲ့ ရိုးရာလက်မှုပစ္စည်းမျိုးစုံကို ပြသထားတဲ့ ပြခန်း ၂၁ ခန်းနဲ့ မြန်မာဘက်က မြန်မာလက်မှု ပစ္စည်းနဲ့ အစားအစာတွေပါဝင်တဲ့ ပြခန်း ၉ ခန်း စုစုပေါင်း ပြခန်း ၃၀ ပါဝင်ပြသထားပါတယ်။
သတင်းနှင့် ရိုက်ကူး -- ချစ်ကို ၊ ငြိမ်းမိုးနောင်
Read more