DVB Logo
Home
သတင်းဓာတ်ပုံ
ရုန်းကန်နေသည့် အသက်ဝိညာဉ်များ တကိုယ်တော်ဓာတ်ပုံပြပွဲ
DVB
·
February 1, 2013
ရုန်းကန်နေသည့် အသက်ဝိညာဉ်များ တကိုယ်တော်ဓာတ်ပုံပြပွဲ
Donate to DVB

မောင်ဘဦး (မန္တလေး) ရဲ့ ရုန်းကန်နေတဲ့အသက်ဝိဥာဉ်များ တကိုယ်တော်ဓာတ်ပုံပြပွဲကို မန္တလေးမြို့ ၃၄လမ်း၊ လမ်း၈၀နဲ့ ၈၁ လမ်းကြားရှိ ရာပြည့်မန္တလေး စာအုပ်ဆိုင်အမှတ် ၂ ရှိ သီရိပန်းချီအနုပညာပြခန်းမှာ ဒီနေ့နံနက် ၉ နာရီက စတင် ပြသခဲ့ပါတယ်။ တကိုယ်တော်ဓာတ်ပုံပြပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့ မှ  ၃ ရက်နေ့အထိ ပြသသွားမှာ ဖြစ်ပါတယ်။

မောင်ဘဦး (မန္တလေး) အသက် ၄၀ မပြည့်ခင် အကြိုအဖြစ် ပထမအကြိမ် ပြသတဲ့ တကိုယ်တော်ဓာတ်ပုံပြပွဲလည်း ဖြစ်သည်။ ဓာတ်ပုံပေါင်း ၄၀ ကျော်ကို ပြသခဲ့ပြီး ပြသတဲ့ဓာတ်ပုံ အရွယ်အစားကတော့ 12" x 18", 12" x 24", 12" x 26", 24" x 36" တွေ ဖြစ်ပါတယ်။

မောင်ဘဦး (မန္တလေး) သည် မန္တလေး ဓာတ်ပုံအသင်း၊ အထက်မြန်မာပြည်ဓာတ်ပုံအသင်းနဲ့ မြန်မာနိုင်ငံဓာတ်ပုံအသင်းတွေက တံခွန်စိုက်ဆုတွေ၊ နှစ်ပတ်လည်ဓာတ်ပုံပြိုင်ပွဲ ဆုတွေနဲ့ တပ်မတော်နေ့၊ အိုလံပစ်အားကစားနဲ့ အထိမ်းအမှတ်ပြိုင်ပွဲပေါင်းများစွာက ဆုပေါင်းများစွာကို ရရှိခဲ့ဖူးသည်။

နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲ အတွေ့အကြုံတွေကတော့ မာဇဒါကားကုမ္ပဏီဓာတ်ပုံပြိုင်ပွဲ ၁၉၉၄ ခုနှစ် ပထမဆု၊ ဟီးနိုး ကုမ္ပဏီဓာတ်ပုံပြိုင်ပွဲ ၁၉၉၅ ဒုတိယဆု၊ တရုတ်နိုင်ငံက ကျင်းပတဲ့ ကမ္ဘာ့ဓာတ်ပုံပြိုင်ပွဲ ၁၉၉၅ ဒုတိယနဲ့ အကောင်းဆုံးဓာတ်ပုံဆု၊ ယူနက်စကို၊ နီကွန် ဓာတ်ပုံ ပြိုင်ပွဲတွေမှာ အထူးဆုတွေ ရရှိထားပါတယ်။

မောင်ဘဦး (မန္တလေး) ဟာ မြန်မာနိုင်ငံဓာတ်ပုံအသင်းရဲ့ အမှုဆောင်၊ စာကြည့်တိုက်မှူး အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ အခုလက်ရှိ မန္တလေးဓာတ်ပုံအသင်းမှာ တွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်နေပြီး ဓာတ်ပုံပညာသင်ကြားခြင်းနဲ့ ဓာတ်ပုံပြိုင်ပွဲတွေမှာ အကဲဖြတ်ခြင်းတွေကို ဆောင်ရွက်လျက်ရှိသည်။

သတင်းဓာတ်ပုံ - Thu Ra Phyo Wai Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013