ရေသည်အသက် ခေါင်းစဉ်ဖြင့် ဓာတ်ပုံပြိုင်ပွဲတွင် မြန်မာဓာတ်ပုံဆရာ ၄ ဦး ဆုရရှိ
DVB
·
January 30, 2013

ဖိလစ်ပိုင်အခြေစိုက် Southeast Asian Regional Center for Graduate Study and Research in Agriculture (SEARCA)ရဲ့အရှေ့တောင်အာရှနိုင်ငံအားလုံး ပါဝင်ယှဉ်ပြိုင်တဲ့ ရေသည်အသက် ခေါင်းစဉ်နဲ့ ဓာတ်ပုံပြိုင်င်ပွဲမှာ မြန်မာဓာတ်ပုံဆရာ ၄ ဦးက ထိပ်တန်း ဆု (၄) ဆုကို သိမ်းကျုံးဆွတ်ခူးသွားပါတယ်။
ပထမဆုကို ကျော်ဇော်လေး (မန္တလေး)၊ ဒုတိယဆုကို ထွန်းအောင်(ရန်ကုန်)၊ တတိယဆုကို ကျော်ကျော်ဝင်း(ရန်ကုန်)နဲ့ ပရိသတ်အကြိုက်ဆုကို သန်းထိုက်စိုး (မန္တလေး) တို့က အသီးသီး ရရှိသွားတာ ဖြစ်ပါတယ်။
ရေသည်အသက် ခေါင်းစဉ်နဲ့ ဒီပြိုင်ပွဲမှာ နိုင်ငံပေါင်း ၇ နိုင်ငံက ဓာတ်ပုံဆရာ၂၄၀ ကျော်က ဓာတ်ပုံပေါင်း ၉၅၀နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
Read more