DVB Logo
Home
မြန်မာသတင်း
၈၈ မျိုးဆက်များ ဖိလစ်ပိုင် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံ (ဓာတ်ပုံ)
DVB
·
January 16, 2013
၈၈ မျိုးဆက်များ ဖိလစ်ပိုင် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံ (ဓာတ်ပုံ)
Donate to DVB

ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ဖိလစ်ပိုင် ကာကွယ်ရေးဦးစီးချုပ် နဲ့ သွားရောက်တွေ့ဆုံပြီး ပဋိပက္ခနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အတွေ့အကြုံတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာရှိတဲ့ ဖိလစ်ပိုင်တပ်မတော် ဌာနချုပ်ကို သွားရောက်ခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး အစည်းအဝေးခန်းမမှာ ဖိလစ်ပိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အီမန်နူရယ် တီ ဘော်တစ်စတာ (Lt General Emmanuel T Bautista) အပါအ၀င် ဖိလစ်ပိုင် တပ်မတော်အရာရှိကြီးများနဲ့  တွေ့ဆုံခဲ့ကြတာပါ။

အဲဒီတွေ့ဆုံပွဲမှာ ဖိလစ်ပို်င်နိုင်ငံရဲ့ ငြိမ်းချမ်းရေး လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး  ဖိလစ်ပိုင်တပ်မတော်က ဖော်ဆောင်နေတဲ့ လုပ်ငန်းတွေကို ဖိလစ်ပိုင်တပ်မတော်ဘက်က ရှင်းလင်းပြောကြားပါတယ်။

ရှင်းလင်းပွဲအပြီးမှာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ မေးမြန်းချက်တွေကို ဖိလစ်ပိုင်တပ်မတော်ရဲ့  တပ်မတော်အရာရှိတွေနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့က ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ပါတယ်။

ညနေပိုင်းမှာတော့ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးကို သွားရောက်ခဲ့ပြီး သံအမတ်ကြီး နဲ့ သံရုံး ပထမအတွင်းဝန်တို့ကို တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲမှာတော့ ဖိလစ်ပိုင်နိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဗြိတိသျှရဲ့အခန်းကဏ္ဍကို ဆွေးနွေးခဲ့ကြတာပါ။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ ဒီခရီးစဉ်ဟာ ဇန်န၀ါရီလ ၁၄ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ ကြာမြင့်မှာ ဖြစ်ပြီး ဖိလစ်ပိုင်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေကို လေ့လာကြမှာပါ။

ခရီးစဉ်အတွင်း ဖိလစ်ပိုင်အစိုးရတာဝန်ရှိသူတွေ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013