DVB Logo
Home
မြန်မာသတင်း
ငလျင်သင့်သူများအတွက် ရန်ပုံငွေ ဖျော်ဖြေပွဲ
DVB
·
January 3, 2013
ငလျင်သင့်သူများအတွက် ရန်ပုံငွေ ဖျော်ဖြေပွဲ
Donate to DVB

ငလျင်ဒဏ်ခံရသူများကို ကူညီပေးမယ့် ရန်ပုံငွေဖျော်ဖြေပွဲအတွက် မန္တလေးက လူငယ်သတင်းသမားတွေ အမျိုးသားကဇာတ်ရုံမှာ ဇာတ်တိုက်နေကြပါတယ်။

ရန်ပုံငွေဖျော်ဖြေပွဲကို မန္တလေး စာပေအနုပညာရှင်များ၊ သတင်းများ ဦးစီးကျင်းပတာ ဖြစ်ပြီး ဇန်န၀ါရီ ၅ ရက်နေ့ ညနေပိုင်း မန္တလေးအမျိုးသားကဇာတ်ရုံမှာ ကျင်းပမှာဖြစ်ပါတယ်။

ရန်ပုံငွေဖျော်ဖြေပွဲမှာ မန္တလေးမြို့ဂုဏ်ဆောင် မြို့မ တူရိယာအသင်းနဲ့ ဆိုင်း စိန်တင့်လွင် အဖွဲ့တို့က အတီးပိုင်းမှာ တာဝန်ယူကြမှာဖြစ်ပြီး နိုင်ငံကျော် အဆိုတော်များဖြစ်ကြတဲ့ သန်းမြတ်စိုး၊ ဖိုးသောကြာ၊ စိုးထက်၊ စိုးစန္ဒာထွန်း၊ အိအိချွန် တို့နဲ့အတူ မြို့မ ၀ိုင်းတော်သားများ၊ အဆိုဝါသနာရှင် မန္တလေးသတင်းသမားများက သီဆိုဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

ဧရာဝတီမြစ်အကြောင်း ဖော်ကျူးထားတဲ့ ဧရာဝတီကဇာတ်ကို ဟာသလူရွှင်တော် (ဦး) ချစ်စရာ၊ (ဦး) ပေါစိန်၊ (ဦး) ထင်ပေါ်တို့က ဟာသများနဲ့ ဧည့်ခံဖျော်ဖြေသွားမှာဖြစ်သလို မန္တလေး လူငယ်သတင်းထောက်များရဲ့ “အနန္တကျေးဇူးရှင်” အမည်ရှိ တခန်းရပ်ပြဇာတ်နဲ့လည်း ဧည့်ခံဖျော်ဖြေမှာပါ။

ငလျင်ဒဏ်ခံရသူများကို ကူညီပေးမယ့် ရန်ပုံငွေဖျော်ဖြေပွဲလက်မှတ်များကိုတော့ ကျပ် ၃,၀၀၀၊ ၅,၀၀၀၊ ၈,၀၀၀ နဲ့ ၁၀,၀၀၀ စသည်ဖြင့် သတ်မှတ်ထားပြီး လက်မှတ် မှာယူလိုသူများအနေဖြင့် ကိုစည်သူလွင် (မြန်မာတိုင်းမ် ဂျာနယ်) ၀၉- ၉၁၀၂-၀၃၉၇၊ ကိုစန်းယုကျော် (မော်ဒန်၊ ကုမုဒြာ ဂျာနယ်) ၀၉-၄၄၄၀၀၅၅၂၅၊ ကိုညီညီဇော် (7 Day News) ၀၉၄၀၂၅၈၅၄၅၀ တို့ဆီမှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

ရိုက်ကူး-- ချစ်ကို ၊ ငြိမ်းမိုးနောင် Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013