DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ပွဲ ရပ်တန့်ရေး ရန်ကုန်တွင် ဆန္ဒပြ
DVB
·
January 1, 2013
ကချင်စစ်ပွဲ ရပ်တန့်ရေး ရန်ကုန်တွင် ဆန္ဒပြ
Donate to DVB

၂၀၁၃ ခုနှစ်ရဲ့  ပထမဆုံး ဆန္ဒပြပွဲအဖြစ် ရန်ကုန်မြို့မှာ ငြိမ်းချမ်းရေး လိုလားတဲ့ ရဟန်းရှင် ပြည်သူတွေက ကချင်ပြည်နယ်က  စစ်ပွဲတွေကို ရပ်တန့်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

ငြိမ်းချမ်းရေး လိုလားသူ ၁၀၀ ကျော် လောက်ပါဝင်တဲ့ ဆန္ဒပြသူတွေက ရန်ကုန်မြို့လယ်ခေါင် မြို့တော်ခန်းမရှေ့မှာ နှစ်သစ် ငြိမ်းချမ်းရေးဆုတောင်း သ၀ဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။ အဲဒီနောက် ငြိမ်းချမ်းရေးသီချင်းတွေသီဆိုပြီး ဗန္ဓုလ ပန်းခြံနဲ့ ဆူးလေဘုရားကို လှည့်လည် ဆန္ဒပြတယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတဦးက ပြောပါတယ်။

အခုလို ငြိမ်းချမ်းစွာ ဆန္ဒပြရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲမှာ ပါဝင်တဲ့  Generation Wave ခေါ်  မျိုးဆက်သစ်လူငယ်များအဖွဲ့က သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုကြည်ဇင်သာက ခုလို ပြောပါတယ်။

“၂၀၁၂ ကနေ ၂၀၁၃ ကို ကူးပြောင်းလာတဲ့အချိန်မှာ မြန်မာတနိုင်ငံလုံး၊ တကမ္ဘာလုံးမှာရှိတဲ့ လူသားအားလုံးကို ငြိမ်းချမ်းစေချင်တဲ့ ရည်ချက်ချက်ပါ။ အခုဆိုရင် နေရာအတော်များများမှာ ၂၀၁၃ ကို ကြိုဆိုတဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနေတဲ့အချိန်မှာ မြောက်ပိုင်းဒေသမှာရှိတဲ့ တိုင်းရင်းသားညီအစ်ကိုတွေက စစ်ဘေးစစ်ဒဏ်တွေကို ခံစားနေရပြီးတော့ အသက်အိုးအိမ်စည်းစိမ်အတွက် ထွက်ပြေးရုန်းကန်နေကြရတယ်။ အမြန်ဆုံး ငြိမ်းချမ်းစေချင်လို့ ဆန္ဒပြတာပါ။ အမြန်ဆုံးစစ်ပွဲတွေ ရပ်တန့်ပေးဖို့ တောင်းဆိုပါတယ်။”

ဒီဆန္ဒပြပွဲအတွက် အာဏာပိုင်တွေထံကနေ တရားဝင်ခွင့်ပြုချက် တောင်းခံခဲ့ပြီးတော့ လူ ၂၀၀ ပါဝင်ဆန္ဒပြဖို့ ခွင့်ပြုပေးခဲ့တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်စီစဉ်သူတွေက ပြောပါတယ်။

အရင်နှစ်ကလည်း ကချင်စစ်ပွဲတွေ ရပ်တန့်ပေးဖို့ ရန်ကုန်မြို့မှာ လမ်းလျှောက် ဆန္ဒပြခဲ့ကြပြီး အဲဒီဆန္ဒပြပွဲမှာ ခေါင်းဆောင်တချို့ကို အာဏာပိုင်တွေက  တရားစွဲဆိုထားပါတယ်။ Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013