DVB Logo
Home
မြန်မာသတင်း
ဖမ်းထားသူများ လွှတ်ပေးရန်နှင့် လက်ပန်းတောင်းဖြိုခွင်းမှု တရားမျှတစွာ ဖြေရှင်းရန် ဆန္ဒပြ
DVB
·
December 10, 2012
ဖမ်းထားသူများ လွှတ်ပေးရန်နှင့် လက်ပန်းတောင်းဖြိုခွင်းမှု တရားမျှတစွာ ဖြေရှင်းရန် ဆန္ဒပြ
Donate to DVB

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒဖော်ထုတ်သူတွေရဲ့ သပိတ်စခန်းကို အကြမ်းဖက်ဖြိုခွင်းခဲ့မှုနဲ့ ပတ်သက်ပြီး တရားမျှတအောင် ဖြေရှင်းပေးဖို့နဲ့  ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့  မျိုးဆက်သစ်လူငယ်များအဖွဲ့က ဦးဆောင်ပြီး ဒီနေ့ မနက်ပိုင်း ရန်ကုန်မြို့တွင်းမှာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ကြပါတယ်။

“လက်ပန်းတောင်းတောင် သပိတ်စခန်းမှာ သံဃာတော်တွေကို အကြမ်းဖက်ဖြိုခွင်းမှုနဲ့ ပတ်သက်ပြီး တရားမျှတစွာ ဖြေရှင်းပေးဖို့။ နောက်တခုက လက်ပန်းတောင်းကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြသူတွေထဲက တချို့တွေကို ဖမ်းထားတာရှိတယ်၊ အဲဒီလူတွေကို ပြန်လွှတ်ပေးဖို့။ ကျနော်တို့ မြို့တော်ခန်းမရှေ့ကနေပြီး မဟာဗန္ဓုလပန်းခြံလမ်း၊  ကုန်သည်လမ်း၊ ဆူးလေးကို တပတ်ပတ်ပြီး လမ်းလျှောက် ချီတက် ဆန္ဒပြပါတယ်။”

ကျောက်တံတားမြို့နယ်ရဲခွင့်ပြုချက်နဲ့ လူဦးရေ ၁၀၀ လောက် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြတာလို့ ဆိုပါတယ်။

လက်ပန်းတောင်းတောင်စီမံကိန်း ရပ်ဆိုင်းရေးကိစ္စနဲ့  နိုဝင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မှာ ဆန္ဒပြပြီး နောက်တနေ့ ဖမ်းဆီးခံထားရတဲ့ ကိုရဲလင်း၊ ကိုဝေဠု၊ ကိုမျိုးချစ်၊ ကိုညီညီ၊ ဒေါ်နော်အုန်းလှနဲ့ ဒေါ်ရှမ်းမတို့ကိုတော့ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ တို့နဲ့ တရားစွဲဆိုပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ထားပါတယ်။

ဒါ့အပြင် နောက်ထပ်ဆန္ဒဖော်ထုတ်မှုတွေလုပ်တဲ့ မျိုးဆက်သစ်လူငယ်များအဖွဲ့က ကိုမိုဃ်းသွေးနဲ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်က ကိုအောင်စိုးတို့ ၂ ဦးကိုလည်းဒီဇင်ဘာ ၂ ရက်နေ့မှာ ထပ်မံဖမ်းဆီးပြီး ပုဒ်မ ၅၀၅၊ ပုဒ်မ ၁၈ တို့နဲ့ တရားစွဲဆိုထားပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့မှာတော့ သူတို့ကို ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးမှာ ဖြစ်ပါတယ်။ Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013