DVB Logo
Home
မြန်မာသတင်း
ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေး ၃ ရက်မြောက် ဆန္ဒပြ
DVB
·
November 19, 2012
ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေး ၃ ရက်မြောက် ဆန္ဒပြ
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေးအတွက် ဒေသခံတွေက ၃  ရက်မြောက်နေ့အဖြစ် သပိတ်စခန်း ဖွင့်ပြီး ဆန္ဒပြ နေကြပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေ ဧက ၇ ထောင်ကျော် သိမ်းယူခံရတယ်ဆိုပြီး လယ်သမားတွေက သူတို့လယ်မြေတွေ ပြန်လည်ရရှိရေးအတွက် ဆန္ဒပြခဲ့ကြသလို ဒီစီမံကိန်းကြောင့် ဒေသပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုရှိနေတာကြောင့် စီမံကိန်း လုံးဝရပ်ပစ်ဖို့ အခုလ ၁၇ ရက်နေ့ကပြီး သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ လက်ပန်တောင်းတောင်က သံဃာတော်တွေ ကျောင်းသားပြည်သူတွေ ပါဝင်လာပြီး နောက်ထပ် သပိတ်စခန်းတွေဖွင့်ပြီး ဆန္ဒထုတ်ဖော်နေကြတယ်လို့ ဦးဆောင်ဆန္ဒပြသူတဦး ဖြစ်တဲ့ ကိုအောင်စိုးက ပြောပါတယ်။

“ဒီနေ့တော့ အနယ်နယ် အရပ်ရပ်က ရဟန်းသံဃာတော်တွေရော၊ ဒီပြင်နေရာက လယ်သမားတွေရော သပိတ်စခန်းမှာ လာပေါင်းပြီး ဒုတိယ သပိတ်စခန်းကို ချီတက်ပါတယ်. ဒုတိယ သပိတ်စခန်းက လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးနေထိုင်ခဲ့တဲ့ သိမ်တော်ကိုပါ။ ပြီးတော့ ပြန်ချီတက်လာပြီး ၀မ်ပေါင်ရှေ့မှာ ထိုင်သပိတ်လုပ်နေပါတယ်။ အာဏာပိုင်တွေက ပထမ တားဆီးတာရှိတယ်၊ နောက် ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေက လက်မလျှော့တဲ့အတွက် ၀မ်ပေါင်ကုမ္ပဏီရှေ့တည့်တည့်မှာ ထိုင်သပိတ်လုပ်နေပါတယ်၊ ဒါက တတိယ သပိတ်စခန်းပေါ့။”

ဒေသခံ တောင်သူလယ်သမားတွေ အခုလို ဆန္ဒထုတ်ဖော်မှုနဲ့ပတ်သက်ပြီး ဒီနေ့ ဝမ်ပေါင်ကုမ္ပဏီရုံးမှာ  ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ တောင်သူလယ်သမား ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့် ကုမ္ပဏီဘက်က တစုံတရာ အဖြေမပေးနိုင်တဲ့အတွက် အဆင်မပြေခဲ့ဘူးလို့ သွားရောက်ဆွေးနွေးခဲ့တဲ့ ဦးမြင့်ဌေးက ပြောပါတယ်။

“ကျနော်တို့ ရွာခံ ၅ ယောက်နဲ့ သံဃာတော် ၅ ပါးသွားရောက် ညှိနှိုင်းတော့ တောင်းဆိုတဲ့အချက်တွေက လက်ပန်းတောင်းတောင် စီမံကိန်းရပ်ဖို့ တောင်းဆိုတယ်။ သူတို့ဘက်က သူတို့အဆင့်နဲ့တော့ လုံးဝမရပါဘူးတဲ့၊ အထက်ကိုတင်ပြပေးမယ်တဲ့၊ အဲတော့ ဘယ်နှရက်ကြာမှာလဲဆိုတော့ သူတို့က ၁ ပတ်တဲ့။ ဒါဆို အဲ့ ၁ ပတ်အတွင်းမှာ လုပ်ငန်းခွင်အားလုံး ရပ်ဆိုင်းရမယ်လို့ တောင်းဆိုတော့ သူတို့ဘက်က လုပ်ငန်းခွင်ကိုတော့ မရပ်နိုင်ဘူးလို့ အကြောင်းပြန်တယ်၊ ဒါကို ကျနော်တို့က လက်မခံနိုင်ဘူး။ ဒီတော့ ဆွေးနွေးပွဲကမရတော့ဘဲ ပျက်သွားတဲ့ သဘောရှိပါတယ်။”

ဆန္ဒပြသူတွေဘက်ကတော့ ဒီကြေးနီစီမံကိန်း မရပ်မချင်း ဆန္ဒပြသွားမယ်လို့ ပြောဆိုထားပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို စစ်တပ်ပိုင် စီးပွားရေးဦးပိုင်လီမိတက်နဲ့ တရုတ်အမျိုးသားပိုင် မြန်မာဝမ်ပေါင်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဦးပိုင်လီမိတက် တာဝန်ရှိသူတဦးကတော့ စီမံကိန်းကို ရပ်ပစ်မှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013