DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း ရပ်တန့်ရေး သပိတ်စခန်းဖွင့် ဆန္ဒပြ
DVB
·
November 19, 2012
လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း ရပ်တန့်ရေး သပိတ်စခန်းဖွင့် ဆန္ဒပြ
Donate to DVB

ဝမ်ပေါင်ကုမ္ပဏီရုံးရှေ့မှာ နိုဝင်ဘာ ၁၇ ရက်နေ့ကစတင်ပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးအတွက် သပိတ်စခန်းဖွင့်လှစ်ကာ ရွာပေါင်း ၂၆ ရွာမှ ကျေးရွာသူ၊ ကျေးရွာသားတွေ စုပေါင်းကာ လက်ပန်းတောင်းတောင် ပတ်လည်ကို ၀ိုင်းဝန်းတားဆီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

လက်ပန်းတောင်းတောင်ကြားအတွင်းရှိ စီမံကိန်းဇုန်အတွင်း ရွာသူရွာသားတွေ ၀င်ရောက်ပြီး မြေသည်ကားတွေ၊ လုပ်ငန်းယန္တရားတွေ ဆက်လက်လုပ်ကိုင်ခြင်း မပြုနိုင်ဖို့ လက်ချင်းချိတ် တားဆီးခဲ့ကြတာပါ။

ကျေးရွာသားတဦးက “ဒါတောင် လူအင်အားက နည်းတယ်ဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ နှမ်းရိတ်ချိန်ဆိုတော့ နှမ်းခင်းတွေမှာ နှမ်းရိတ်သွားနေတဲ့သူတွေရောဖြစ်နေတော့ ဒီမှာ လူအင်အားက နည်းနေတာ၊ ကျနော်တို့ကတော့ လုပ်ငန်းခွင်ရပ်ဆိုင်းသွားဖို့အထိ အကုန်တားဆီးမှာပဲ။ ဖမ်းချင်ဖမ်း၊ သတ်ချင်သတ် နောက်မဆုတ်တော့ဘူး။ အခုဆို လယ်တီဆရာတော်ဘုရားကြီးကျောင်းမှာပဲ ညအိပ်ပြီးတော့ကို တားဆီးသွားမယ်” လို့ ပြောပါတယ်။

(ဓာတ်ပုံ - အောင်နေမျိုး) Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013