မိုးထိမိုးမိ ရွှေလုပ်သားများ ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
November 8, 2012

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက စာချုပ်ပါ အချက်အလက်တွေကို ချိုးဖောက်တဲ့အတွက် ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသမှ ရွှေလုပ်သား ၁၅၀ လောက်ဟာ သူတို့ရဲ့နစ်နာဆုံးရှုံးမှုတွေ ပြန်လည်ရရှိဖို့အတွက် အမှတ် ၁၀၆ တက္ကသိုလ်ရိပ်သာလမ်း ကမာရွက်မြို့နယ် ကုမ္ပဏီရုံးချုပ်ရှေ့မှာ ဒီနေ့မနက် ၁၀ နာရီကနေ ၁ နာရီအထိ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ အောက်တိုဘာ ၂၉ က ဆန္ဒပြတောင်းဆိုခဲ့ပေမယ် ကုမ္ပဏီဘက်က တစုံတရာ လိုက်လျောမှု မရှိခဲ့တာကြောင့် အခုလို ထပ်မံ လာရောက်တောင်းဆိုဆန္ဒပြကြတာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။
Read more