Homeသတင်းတို
ပြည့်စုံသည့်အစီရင်ခံစာ တင်နိုင်ဦးမည်မဟုတ်ဟု ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင်များ ပြော
ပြည့်စုံသည့်အစီရင်ခံစာ တင်နိုင်ဦးမည်မဟုတ်ဟု ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင်များ ပြော
DVB
·
October 26, 2012
ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး အဖွဲ့အနေနဲ့ အစီရင်ခံစာကို လာမယ့် နိုဝင်ဘာ ၁၄ ရက်နေ့မှာ တင်ပြရမှာ ဖြစ်ပေမယ့် အချိန်မလုံလောက်တဲ့အတွက် ပြီးပြည့်စုံတဲ့ အစီရင်ခံစာ တင်နိုင်ဦးမှာ မဟုတ်ကြောင်း ကော်မရှင်အဖွဲ့ဝင်တွေက ပြောပါတယ်။
ကော်မရှင်အဖွဲ့ဝင် အန်ဒီအက်ဖ်ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ရခိုင်ပဋိပက္ခဟာ ဒီနေ့အထိ တင်းမာနေဆဲဖြစ်လို့ သမ္မတက သတ်မှတ်ထားတဲ့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ ပြီးပြည့်စုံတဲ့ အစီရင်ခံစာကို တင်နိုင်ဦးမှာ မဟုတ်ဘဲ ပမာဏ အစီရင်ခံစာတစောင် တင်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ခေါင်းဆောင် ဒေါ်သန်းသန်းနုကတော့ သမ္မတ ပေးထားတဲ့ အချိန် ၃ လ မလောက်ရင် နောက်ထပ် အချိန် ထပ်တိုးတောင်းသွားရမယ်လို့ ပြောပါတယ်။