DVB Logo
Home
မြန်မာသတင်း
တော်ဝင်ကုမ္ပဏီ အလုပ်သမားများ ခံစားခွင့်ရရှိရေး တောင်းဆို
DVB
·
October 8, 2012
တော်ဝင်ကုမ္ပဏီ အလုပ်သမားများ ခံစားခွင့်ရရှိရေး တောင်းဆို
Donate to DVB

ရန်ကုန်တိုင်း မြောင်းတကာစက်မှုဇုန်ရှိ ၀ါးတရာကျေးရွာရှိ တော်ဝင်ကုမ္ပဏီပိုင် သစ်အချောထည်စက်ရုံ အလုပ်သမား ၃၀၀ လောက်က လုပ်အားခတိုးမြှင့်ပေးဖို့ အပါအ၀င် ခံစားခွင့်တွေရရှိရေးအတွက် တော်ဝင်မိသားစုကုမ္ပဏီရုံးရှေ့မှာ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

အလုပ်သမားတွေက သူတို့နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါ အခွင့်အရေးတွေ အပြည့်အ၀ရရှိရေး၊ အလုပ်ခွင်ထဲမှာ ခွဲခြားဆက်ဆံမှုတွေ မလုပ်ဖို့နဲ့ လူအပြောင်းအရွှေ့လုပ်ရင် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့နဲ့ ညှိနှိုင်းပြီးမှလုပ်ဖို့၊ ဖယ်ရီစီစဉ်ပေးဖို့နဲ့ မစီစဉ်ပေးနိုင်ပါက ခရီးစရိတ်ထုတ်ပေးဖို့ စတဲ့အချက်တွေအပါအ၀င် အချက် ၈ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။

အထူးသဖြင့် လစာတွေကို ခွဲခြားပေးမှုတွေကြောင့် ဆန္ဒပြတာလို့ ဆန္ဒပြခေါင်းဆောင် တဦးက ပြောပါတယ်။

မနက် ၉ နာရီခွဲလောက်က စတင်ဆန္ဒပြခဲ့ကြပြီး နေ့ခင်းပိုင်းမှာ အလုပ်ရှင်နဲ့ အလုပ်သမားအကြား ညှိနှိုင်းမှုတွေ လုပ်ခဲ့ပါတယ်။  ၃ နာရီလောက်မှာ ညှိနှိုင်းပြီးစီးခဲ့ပြီး အလုပ်ရှင်ဘက်က တောင်းဆိုချက်တွေကို အဆင်ပြေအောင် လုပ်ဆောင်ပေးမယ်လို့ ကတိပေးတဲ့အတွက် ဆန္ဒပြမှု ရပ်ဆိုင်းခဲ့ကြောင်း အလုပ်သမားက ပြောပါတယ်။

“အလုပ်ရှင်က အကုန်လုံးကို ပြေလည်အောင်လုပ်ပေးမယ်တဲ့ မတောင်းဆိုခင်ကတည်းက လုပ်ပေးဖို့အစီအစဉ်ရှိပါတယ်။ ကျနော်တို့တောင်းဆိုထားတဲ့ အချက်အလက်တွေရတယ်လေ။ အကုန်လုံး အဆင်ပြေတယ်။ ညှိနှိုင်းပြီးတဲ့အတိုင်း ဆက်သွားဖို့ပဲရှိတော့တယ်။ အလုပ်ရှင်ကိုယ်တိုင်က ပြောတာဆိုတော့လေ။”

အလုပ်ရှင်အနေနဲ့ ကတိအတိုင်း အမှန်တကယ် လုပ်ဆောင်ပေး မပေး စောင့်ကြည့်ရဦးမယ့် အကြောင်း၊ တောင်းဆိုချက်အားလုံးရရင် ပုံမှန်အတိုင်း အလုပ်ပြန်ဆင်းကြမယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013