အိမ်အကူမိန်းကလေးအား အက်ဆစ်ဖြင့်ပက်သူများကို ပထမဆုံးအကြိမ် ရုံးထုတ်

အိမ်အကူ မိန်းကလေးအား အက်ဆစ်ဖြင့် ပက်သူတွေကို ပထမဆုံး အကြိမ် မတ် ၃၀ ရက်နေ့မှာ ရုံးထုတ်ခဲ့ပါတယ်။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ နေအိမ်တစ်ခုမှာ အိမ်အကူအဖြစ် လုပ်ကိုင်တဲ့ အမျိုးသမီးငယ်တစ်ဦးကို အက်ဆစ်ဖြင့် ပက်ခြင်း၊ မျက်စိကွယ်အောင်လုပ်ခြင်းတို့ ကျူးလွန်ခဲ့တဲ့ အမျိုးသမီးနဲ့ ပါဝင်ပတ်သက်သူတွေကို မန္တလေးခရိုင်တရားရုံးမှာ ပထမဆုံး အကြိမ် ရုံးထုတ်ခဲ့တာပါ။ အမှုကို လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဥပဒေ ပုဒ်မ ၂၄ နဲ့ တရားရုံးစွဲတင်တာလို့ မန္တ္တလေးခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ဒုတိယတရားသူကြီး ဦးစောဝီလီက ပြောပါတယ်။ နောက်တစ်ပတ်ရုံးချိန်းကို ဧပြီလ ၆ ရက်နေ့ ချိန်းပေးခဲ့ပြီး ယင်းရုံးချိန်းရက်မှာ တရားစွဲဆိုခံရသူဘက်မှ ထုချေခွင့်ရရန်ရှေ့နေ ပါဝါတင်သွားမယ်လို့ မန္တ္တလေးခရိုင်တရားရုံးက ပြောပါတယ်။ ဒါ့အပြင် အိမ်အကူလုပ်ကိုင်ခဲ့တဲ့ မိန်းကလေးက တရားလိုပြုလုပ်ပြီး ဒေါ်နီနီနုနွယ်နဲ့ ယောက်ျားဖြစ်သူ သူရ (ခ) အားတီ၊ အိမ်ရှင်ဖြစ် ဒေါ်မိုးမိုးတို့အား ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၃၄/၁၁၄ တို့နဲ့ ထပ်မံအမှုဖွင့်ထားကာ သူရ (ခ) အားတီမှာ ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up