DVB Logo
Home
မြန်မာသတင်း
အင်းဝအပ်ချုပ်ဆိုင် အိမ်အကူမိန်းကလေး ၂ ဦးနှိပ်စက်ခံရမှု သက်သေများကို စတင်စစ်ဆေး
DVB
·
September 6, 2017
အင်းဝအပ်ချုပ်ဆိုင် အိမ်အကူမိန်းကလေး ၂ ဦးနှိပ်စက်ခံရမှု သက်သေများကို စတင်စစ်ဆေး
Donate to DVB

 

အင်းဝအပ်ချုပ်ဆိုင်က အိမ်အကူမိန်းကလေးနှစ်ဦး နှိပ်စက်ခံရမှုကို   ကျူးလွန်ထားခြင်း မရှိကြောင်းနဲ့ လူကုန်ကူးမြောက်မမြောက်ကို တရားခံဘက်က သက်သေတွေကို စက်တင်ဘာ ၅ရက်က  စတင်စစ်ဆေးနေ ပါတယ်။

ပြစ်မှုကျူးလွန်ထားသူတွေလို့ စွပ်စွဲခံရသူတွေဘက်ကတော့ အပြစ်မရှိကြောင်း သက်သေပြဖို့ မြို့နယ်ထွေအုပ်၊ မြို့နယ်အမျိုးသမီးရေးရာကော်မတီဝင်တချို့နဲ့ လူ့အခွင့်အရေး ကော်မရှင် ကော်မတီဝင်အဟောင်းဦးဇော်ဝင်းတို့ကို သက်သေအဖြစ်ခေါ်ထားပေမယ့်လည်း လက်ရှိရုံးချိန်းအထိ သက်သေအဖြစ်လာရောက်ထွက်ဆိုတာမရှိသေးပါဘူး။

စက်တင်ဘာလ ၅ ရက်နေ့ အချိန်ထိ တရားခံသက်သေတွေ စတင်စစ်ဆေးတာ ရုံးချိန်း ၅ ချိန်းရှိပြီဖြစ်ပြီး တရားခံပြသက်သေ ၁၂ ဦး စစ်ဆေးပြီးဖြစ်ပါတယ်။

ရုံးချိန်းမှာတော့ တရားခံပြသက်သေတဦးကို ဥပဒေအရာရှိက ပြန်လှန်မေးခွန်းတွေ စစ်မေးခဲ့ပြီး နောက်တကြိမ် ရုံးချိန်းကိုတော့ လာမယ့် စက်တင်ဘာလ ၇ ရက်နေ့ကို ထပ်မံချိန်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013