DVB Logo
Home
မြန်မာသတင်း
အိမ်အကူမိန်းကလေး ၂ ဦး နှိပ်စက်သူမိသားစုအားလုံးကို ဖမ်းဆီးပြီးစစ်ဆေးမှုများ ပြုလုပ်နေ
DVB
·
September 21, 2016
အိမ်အကူမိန်းကလေး ၂ ဦး နှိပ်စက်သူမိသားစုအားလုံးကို ဖမ်းဆီးပြီးစစ်ဆေးမှုများ ပြုလုပ်နေ
Donate to DVB

 

အိမ်အကူမိန်းကလေးနှစ်ဦး နှိပ်စက်သူမိသားစုအားလုံး ဖမ်းဆီးပြီးစစ်ဆေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

အိမ်အကူမိန်းကလေးငယ်နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး လုပ်ခလစာတွေမပေးခဲ့ဘဲ ထွက်ပြေး တိမ်းရှောင်နေသူတွေကို ဖမ်းစီးရမိပြီဖြစ်ပြီး ရမန်ယူကာ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ကျောက်တံတားမြို့နယ် ရဲစခန်းကပြောပါတယ်။

“ကျနော်ကိုယ်တိုင် ကိုင်တွယ်ပြီး စစ်ဆေးမှုတွေပြုလုပ်နေပါပြီ။ အခုကတော့ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ နဲ့ အမှုဖွင့်ထားပါတယ်။ စစ်ဆေးချက်ပေါ်မူတည်ပြီး ပေါ်ပေါက် လာတဲ့ ဥပဒေပုဒ်တွေနဲ့ တရားဆွဲဆိုသွားမှာပါ” ဟု ကျောက်တံတားမြို့နယ်ရဲစခန်း စခန်းမှူး ဒုရဲမှူးဦးတိုးမြို့က ပြောပါတယ်။

နှိပ်စက်ခံရတဲ့ အိမ်အကူမိန်းကလေးနှစ်ဦး ကိစ္စနဲ့ပတ်သက်ပြီး ကြားဝင်ဖြေရှင်းခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေး ကော်မရှင်က စက်တင်ဘာ ၂၁ ရက်နေ့က စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

“ကျနော်တို့ စေတနာနဲ့ ကြားဝင်ဖြေရှင်းလို့သာ သိန်းငါးဆယ်လျော်ကြေးရခဲ့တာပါ။ ကျနော်တို့ အနေနဲ့ လူ့အခွင့်ရေးရှုထောင့် မေတ္တာတရားရှုထောင့်နဲ့ ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ကျန်တာ ကို ကျွန်တော်တို့ မသိပါဘူး။ သူတို့ဆုံးဖြတ်တဲ့အတိုင်း ကျနော်တို့က လုပ်ပေးခဲ့တာပါ။ ကျနော်တို့ ကို ကြိုက်သလို ဝေဖန်အပြစ်တင်လို့ရပါတယ်”လို့ မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင် အဖွဲ့ဝင်ဦးဇော်ဝင်းက စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံလူ့အခွင့်ရေးကော်မရှင်ရဲ့ ဖြေရှင်းဆောင်ရွက်မှုအပေါ် ပြည်သူတွေက ဝေဖန်မှုတွေ ရှိနေပြီး လူ့အခွင့်အရေးလှုပ်ရှားသူတွေက စက်တင်ဘာ ၂၁ ရက်နေ့က လူ့အခွင့်ရေးကော်မရှင် အဖွဲ့ဝင်တွေ အနားယူပေးဖို့ လူ့အခွင့်ရေးကော်မရှင်ရုံးရှေ့မှာ ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြ ပါတယ်။

သတင်း - အောင်ဆန်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013