DVB Logo
Home
မြန်မာသတင်း
ညှဉ်းပန်းနှိပ်စက်ခံရသည့် အိမ်အကူမိန်းကလေးကို လူ့အခွင့်အရေးကော်မရှင် တွေ့ဆုံ
DVB
·
November 12, 2018
ညှဉ်းပန်းနှိပ်စက်ခံရသည့် အိမ်အကူမိန်းကလေးကို လူ့အခွင့်အရေးကော်မရှင် တွေ့ဆုံ
Donate to DVB

ရန်ကုန်၊ မရမ်းကုန်းမြို့နယ်မှာ အိမ်ရှင်ဖြစ်သူရဲ့ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ အိမ်အကူ မိန်းကလေးငယ်ကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် တာဝန်ရှိသူတွေက သွားရောက်တွေ့ဆုံ ကူညီ အလှူငွေပေးအပ်ခဲ့ပါတယ်။

ဒီကနေ့မနက်က ကော်မရှင်အတွင်းရေးမှူး ဦးဘုန်းကြွယ်၊ ညွှန်ကြားရေးမှူး ဦးသူရကျော်နဲ့ ဒုညွှန်ကြားရေးမှူး ဦးကျော်စွာတို့ ပါဝင်တဲ့အဖွဲ့က မိန်းကလေးငယ်ရှိရာ မရမ်းကုန်းမြို့နယ်၊ မလိခ အမျိုးသမီးကလေးများ သင်တန်းကျောင်းသို့ ရောက်ရှိပြီး မိန်းကလေးငယ်အား တွေ့ဆုံ အားပေးစကားပြော အလှူငွေပေးအပ်ခဲ့တာလို့ ကော်မရှင်က သတင်းထုတ်ပါတယ်။

ဒါ့အပြင် အမှုဖွင့်လှစ်ထားတဲ့ ဘုရင့်နောင်နယ်မြေရဲစခန်းကို သွားရောက်ပြီးလည်း တရားရုံးသို့ အမြန်ဆုံး အမှုစွဲတင်နိုင်ဖို့အတွက် ရဲလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေကို ရဲစခန်းမှူးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

မရမ်းကုန်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ ချယ်ရီလမ်း၊ အိမ်အမှတ် ၃၀၊ ဒုတိယထပ်၊ ခြေရင်းတိုက်ခန်းနေ အိမ်ရှင်အမျိုးသမီး ဒေါ်သိင်္ဂီထွန်းက အသက် ၁၃ နှစ်အရွယ် အိမ်အကူ မိန်းကလေးငယ် မအေးသန္တာကို ကာလရှည်ကြာ ညှဉ်းပန်းနှိပ်စက် ဒဏ်ရာတွေရရှိခဲ့လို့ ရာအိမ်မှူးက ဘုရင့်နောင်ရဲစခန်းမှာ နိုဝင်ဘာ ၅ ရက်က အမှုဖွင့် တိုင်ကြားခဲ့တာပါ။

အိမ်အကူ မိန်းကလေးငယ်ဟာ ဓားနဲ့မွှန်း၊ မီးပူနဲ့ကပ်၊ ရေနွေးပူနဲ့ လောင်းခံရတဲ့ ဒဏ်ရာတွေနဲ့ အင်းစိန်ဆေးရုံမှာ စိုးရိမ်ရတဲ့ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံခဲ့ရပါတယ်။

အိမ်ရှင် ဒေါ်သိင်္ဂီထွန်းကိုတော့ ဘုရင့်နောင်နယ်မြေရဲစခန်းမှာ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ နဲ့ ရဲတပ်ဖွဲ့က အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013