ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီလမ်းမများ ဓာတ်ပုံပြပွဲ (ဓာတ်ပုံ)
DVB
·
May 18, 2012

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ဒေါ်ဖြူဖြူသင်းရဲ့ ကျန်းမာရေးစောက်ရှောက်မှု လုပ်ငန်းတွေကို လှူဒါန်းဖို့ ရည်ရွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်က ဓာတ်ပုံပြပွဲတခု ရန်ကုန်က ပြင်သစ်သံရုံးမှာ မေ ၁၇ ရက်ကနေ ၂၅ ရက်နေ့အထိ ကျင်းပနေပါတယ်။
ဒီပြပွဲတွင်းက ပြသတဲ့ ဓာတ်ပုံတွေကို ကိုအောင်ပြည့်၊ ကိုမင်းဇေယျ၊ ကိုပြေကျော်မြင့်တို့က ရိုက်ကူးထားတာ ဖြစ်ပြီး ဓာတ်ပုံရောင်းရငွေရဲ့ ၈၀ ရာခိုင်နှုန်းကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။