Home
မြန်မာသတင်း
စစ်​ပွဲ​ကြောင့် စစ်​​ဘေး​ရှောင်​ ၄၀၀​ ကျော်​ ​ကျောက်​မဲသို့ ထွက်ပြေးတိမ်းရှောင်
DVB
·
December 30, 2017
ရှမ်းပြည်​နယ်​​မြောက်​ပိုင်း၊ ​နမ့်​ဆန်​မြို့နယ်၊​ ​ကျောက်​ဖြူလေးရွာအနီးမှာ​ ပြီးခဲ့တဲ့ ဒီဇင်​ဘာ ၂၇ ရက်​​နေ့က တီအန်အယ်လ်အေနဲ့ တပ်​မ​တော်​တို့ တိုက်​ပွဲ​ကြောင့် ​ကျောက်​ဖြူ​လေးရွာ၊ ကြက်​​သေနဲ့ အာ​ပြောင်ရွာတွေက​ လူဦး​ရေ ​၄၀၀ ကျော်​ ကျောက်​မဲမြို့နယ်​ကို ထွက်​​ပြေးတိမ်း​ရှောင်​ခဲ့ရပါတယ်​။ အာ​ပြောင်​​ကျေးရွာသား မိုင်းအိုက်​​မောင်​က “ဖြစ်​တာက ပြီးခဲ့တဲ့ ၂၇ ရက်​​နေ့ကဖြစ်​တာ။ ​ကျောက်​ဖြူ​လေးရွာနဲ့ ဟင်းကြိုင်​ကြားထဲမှာတိုက်​ပွဲဖြစ်​တာ။ မနက်​ပိုင်း​ပေါ့။ ​လေယာဉ်​က ​နေ့လယ်ပိုင်းမှာလာတယ်​။ ​ကျောက်​မဲက​နေ လက်​နက်​ကြီး​တွေလည်း ထုတယ်​။ ထွက်​ပြေးလာတာက ၂၈ ရက်​​နေ့ ထွက်​​ပြေးလာတာရှိတယ်​။ ၂၉ ရက်​​နေ့ ထွက်​​ပြေးလာတာရှိတယ်​။ ကျနော်တို့ရွာက စုစု​ပေါင်း ၂၄၉ ​ယောက်​ရှိတယ်​။ ရွာမှာကျန်​ခဲ့တဲ့လူလည်းရှိတယ်​” လို့ ​ပြောပါတယ်​။ စာရင်းအရ လူဦး​ရေမှာ ၄၀၀ ​ကျော်​​ပေမယ့် မိုင်း​ငေါ့မြို့နယ်​မှာလည်း ထွက်​ပြေးလာတဲ့ စစ်​​ဘေး​ရှောင်​တွေ ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ​ကျောက်​ဖြူ​လေး​ကျေးရွာ​နေ ဦးအိုက်​​ဌေးက “အခုအားလုံးက အဆင်​​ပြေပါတယ်​။ ထမင်းကလည်း ဘုန်းကြီး​ကျောင်းက ​ကျွေးထားတယ်​။  အဝတ်​အစား​တွေ လာလှူတဲ့လူလည်း ရှိတယ်​။ ကျနော်တို့ ရွာသားအားလုံးက ၂၂၄ ​ယောက်​ရှိတယ်​။ ခု​တော့ပြန်​လို့ အဆင်​မ​ပြေ​သေးဘူး။ တအာင်းအဖွဲ့​ရော၊ တပ်​မ​​တော်​​ရော ရွာနားတစ်​ဝိုက်​မှာရှိ​နေတယ်​။ ရွာမှာ မသွားနိုင်​တဲ့ သက်​ကြီးရွယ်အို​တွေလည်း ရှိ​သေးတယ်​။ ကျွဲ​တွေနွား​တွေလည်းရှိတယ်​။ မိုင်း​တွေလည်းရှိတော့ သူတို့နင်းမိမှာ​ကြောက်​တယ်​” လို့ ​ပြောပါတယ်​။ လက်​ရှိအချိန်​ထိ ရွားအနီးမှာ မြန်မာ့တပ်​မ​​တော်​နဲ့ တီအန်အယ်အေတပ်တို့ ရှိနေ​သေးတဲ့အတွက်​ ရွာကိုပြန်​လို့ အ​ဆင်​​မပြေသေး​ကြောင်း၊ အ​ခြေအ​နေအားလုံး​ကောင်းရင် ပြန်ကြမယ်လို့ ထွက်​​ပြေးလာသူ​တွေက ​ပြောပါတယ်​။ ထွက်​​ပြေးလာတဲ့ ​ဒေသခံထဲမှာ​ သက်​ကြီးရွယ်​အိုတွေနဲ့ က​လေးငယ်​အများစုပါဝင်​ပြီး ကလေးငယ် ၁၀၀​ကျော်​အထိ ပါဝင်​​နေပါတယ်။ မိုင်းနိုင်​နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024