DVB Logo
Home
မြန်မာသတင်း
နမ့်ဆန်မြို့နယ်တွင် တိုက်ပွဲကြောင့် ရွာသား ၂၅၀ ကျော် နမ္မတူမြို့ပေါ် ထွက်ပြေးတိမ်းရှောင်
DVB
·
August 9, 2017
နမ့်ဆန်မြို့နယ်တွင် တိုက်ပွဲကြောင့် ရွာသား ၂၅၀ ကျော် နမ္မတူမြို့ပေါ် ထွက်ပြေးတိမ်းရှောင်
1 / 2
Donate to DVB

ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ် ခေးခင်နဲ့ မန်ဝဲကျေးရွာကြားမှာ တီအန်အယ်လ်အေနဲ့ မြန်မာ့တပ်မတော်တို့အကြား သြဂုတ် ၈ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ၂၅၀ ကျော် နမ္မတူမြို့ကို ထွက်ပြေးတိမ်းရှောင်လာပါတယ်။

တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာလာတဲ့ ဒေသခံရွာသား ၂၅၀ ကျော်ရှိပြီး အခုလက်ရှိ နမ္မတူမြို့က ပုဗ္ပာရုံ ပရိတ္တိ ရွှေကျင်ကျောင်းတိုက်မှာ ခိုလှုံနေကြရကာ ဒီကနေ့မှာလည်း ဆက်လက်ရောက်ရှိလာနေဆဲ ဖြစ်ပါတယ်။

နမ့်ဆန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုင်းဝင်းထူးက “တိုက်ပွဲကြောင့် နမ္မတူဘက်မှာ စစ်ဘေးရှောင်သွားကြတယ်။ အတိအကျတော့ ကျနော်မသိဘူး။ ကျနော်တွေ့တာတော့ ၁၀၀ ကျော်ရှိတယ်လို့ပြောတယ်။”

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) နဲ့ မြန်မာ့တပ်မတော် တပ်မ ၇၇ အကြား မနေ့မနက်က တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း တီအန်အယ်လ်အေက သတင်းထုတ်ပြန်ထားပါတယ်။

အလားတူ နမ့်ဆန်မြို့နယ် မြိုင်ကျေးရွာနဲ့ ကျောက်ဖြူကျေးရွာကြားမှာလည်း တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားပါတယ်။

သြဂုတ် ၄ ရက်နေ့တုန်းကလည်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်အ တွင်းမှာ မြန်မာ့တပ်မတော်နဲ့ တီအန်အယ်လ်အေတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့လို့ ဈေးနဲ့ ကျောင်းတွေ အရေးပေါ်ပိတ်ခဲ့ရပါတယ်။

အဲဒီဖြစ်ပွားခဲ့တိုက်ပွဲကြောင့် ဒီနေ့အထိ မြိုဝင်မြို့ထွက် ခရီးသွားပြည်သူတွေကို စစ်ဆေးမှုတွေ ရှိနေတဲ့အတွက်လည်း ဒေသခံတွေ အခက်အခဲကြုံတွေ့နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013