DVB Logo
Home
မြန်မာသတင်း
သိန္နီမြို့နယ်တွင် တိုက်ပွဲဖြစ်၊ ရွာသား ၂၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်
DVB
·
February 16, 2018
သိန္နီမြို့နယ်တွင် တိုက်ပွဲဖြစ်၊ ရွာသား ၂၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်ထဲမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့နဲ့ တပ်မတော်တို့ကြား ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး ရွာသား ၂၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နဲ့ ၁၅ ရက်နေ့က သိန္နီမြို့အရှေ့ဘက် ၁၉ မိုင်အကွာ ကောင်းကော်အုပ်စု၊ ဟိုမွန်းရွာမှာ ပစ်ခတ်ခဲ့ကြတာဖြစ်ပြီး မြောင်ဇီး တိုင်းရင်းသားအများစု အပါအ၀င် ရွာသားပေါင်း ၂၇၆  ဦးဟာ မနေ့က ကောင်းကော်ကျောင်းတိုက်မှာ လာပြီးခိုလှုံနေရ တယ်လို့ ရွာသားတွေကိုကူညီနေတဲ့ သိန္နီမြို့နယ် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းစိန်လူက ပြောပါတယ်။

“၁၄ ရက်နေ့က ဟိုမွန်းရွာထဲမှာ တိုင်းရင်းသားတပ်ဖွဲ့တွေ လာတည်းတယ်၊ ဘယ်အဖွဲ့ လဲေ တာ့ သူတို့သေချာမပြောတတ်ဘူး။ ကိုးကန့်စကားပြောတယ်တဲ့၊ မနက် ၁၀ နာရီလောက်မှာတော့ အစိုးရတပ်ဘက်က ဝင်လာပြီး ပက်ပင်းတိုးမိတော့ ပစ်ခတ်ကြတယ်ပေါ့၊ အစိုးရတပ်ဘက်က တိုင်းရင်းသားတပ်ရဲ့ လူနှစ်ယောက်ဖမ်းသွားတယ်လို့ ရွာသားတွေက ကျနော့်ကို ပြောပြတယ်၊”

စစ်ရှောင်ထွက်ပြေးလာတဲ့ ရွာသားတွေကို  ကောင်းကော်ကျောင်းတိုက်ဆရာတော်ဆီ ခွင့်တောင်းပြီး အဲဒီဘုန်းကြီးကျောင်းမှာပဲ နေရာချထားပေးပါတယ်။

ဘုန်းကြီးကျောင်းကို ရောက်ရှိလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေ မနေ့ညထိ ၁၄၆ ယောက်နဲ့ ဒီမနက်မှာတော့ ဟိုဆော်ရွာဘက်ကို ပြေးသွားတဲ့ မိသားစု ၅ စု လူဦးရေ ၃၀ လောက် ပြန်ရောက်လာပါတယ်။

စစ်ရှောင်လာသူတွေကို ကုန်းကော်ရွာသားတွေက တအိမ်ထောင် ဆန်တပြည်၊ နှစ်ပြည်ကျနဲ့ ဟင်းချက်စရာတွေ လာပေးထားသလို သိန္နီမြို့နယ် အုပ်ချုပ်ရေးဘက်ကလည်း ဆန်နှစ်အိတ်၊ သုံးအိတ်လာရောက်ကူညီသွားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ရွာသားတွေဟာ အဝတ်တထည်ကိုယ်တခုသာ ပါလာတာကြောင့် စောင်နဲ့ အနွေးထည်တွေ အကူအညီ လိုအပ်နေပြီး စေတနာရှင်တွေအနေနဲ့ ကုန်းကော်ကျောင်းတိုက် ဒါမှမဟုတ် လွှတ်တော်အမတ် စိုင်းစိန်လူ ၀၉ ၉၇၃၉၉၇၀၂၇ သို့ ဆက်သွယ်ကူညီနိုင်တယ်လို့ ဆိုပါတယ်။

ဟိုမွန်းရွာအနီး တိုက်ပွဲဖြစ်တဲ့ကိစ္စ မြန်မာ့တပ်မတော်ဘက်က ထုတ်ပြန်တာတော့ မတွေ့မိသေးပါဘူး ။  

တီအန်အယ်လ်အေတပ်ဖွဲ့က  အဆိုပါပစ်ခတ်မှုဟာ သူတို့အဖွဲ့နဲ့ဖြစ်တာမဟုတ်ကြောင်း၊ အဲဒီဘက်မှာ ကေအိုင်အေ၊ ကောင်းခါးပြည်သူ့စစ်၊ အမ်အန်ဒီအေအေကိုးကန့်တပ်၊  အက်စ်အ က်စ်ပီပီ ရှမ်းတပ်တွေရော မြန်မာ့တပ်မတော်ကပါ လှုပ်ရှားနေတယ်လို့  ပြန်ကြားရေးတာဝန်ခံ မိုင်အိုက်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

Photo : Sai Seinlu

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013