မီဒီယာ ဖွံ့ဖြိုးမှု ဆွေးနွေးပွဲ ကျင်းပ(သတင်းဓာတ်ပုံ)
DVB
·
March 21, 2012

ပြန်ကြားရေးဝန်ကြီးဌာနဲ့ ယူနက်စ်ကိုတို့ ဦးစီးကျင်းပနေတဲ့ မြန်မာပြည်တွင်း မီဒီယာကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်မြို့မှာ မတ်လ ၁၉ ရက်နေ့မှာ စတင် ပြုလုပ်ပါတယ်။
ပြန်ကြာရေးဝန်ကြီး ဦးကျော်ဆန်းက မီဒီယာ ပြုပြင်ပြောင်းလဲမှုနဲ့ ပက်သက်လို့ ပြောဆိုရာမှာ မီဒီယာတွေကို ထိန်းချုပ်ဖို့ထက် အထောက်အကူပြုဖို့သာ အဓိက လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း အဲဒီ ကွန်ဖရန့်ကို တက်ရောက်နေတဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ ထိုင်းနိုင်ငံရဲ့ အကြီးအကဲ ဦးတိုးဇော်လတ်က ပြောပြပါတယ်။
အခုဆွေးနွေးပွဲမှာ နိုင်ငံတကာပညာရှင်တွေ၊ ပြည်တွင်းပြည်ပ စာနယ်ဇင်းသမားတွေရဲ့ ဆွေးနွေးအကြံပြုချက်တွေကိုလည်း ပုံနှိပ်မီဒီယာဥပဒေ မူကြမ်း ဒုတိယအကြိမ်ရေးဆွဲရာမှာ ထည့်သွင်းစဉ်းစားသွားမယ်လို့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ညွှန်ချုပ်ဦးရဲထွဋ်က ဒီဗွီဘီကို ပြောကြားပါတယ်။
ဒီဆွေးနွေးပွဲကို ပြည်ပအခြေစိုက် မီဒီယာတချို့ တက်ရောက်ခွင့်ရပေမယ့် ပြည်တွင်း ဂျာနယ်တချို့က အယ်ဒီတာ တက်ရောက်မလာတာကိုလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပထမဆုံးအကြိမ်လို့ ဆိုတဲ့ မြန်မာပြည်တွင်း မီဒီယာကဏ္ဍဖွံ့ဖြိုးမှု ဆွေးနွေးပွဲကို မတ်လ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေမှာ ကျင်းပတာပါ။
Read more