Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး ကားလမ်းတွင် ကားတစီး သစ်ပင်ဝင်တိုက်၊ ယာဉ်မောင်း သေဆုံး
DVB
·
July 29, 2017
ပဲခူးတိုင်းဒေသကြီး၊ ပဲနွယ်ကုန်းမြို့၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၂၃/၁ နဲ့ ၁၂၃/၂ အကြားမှာ ကားတစီး သစ်ပင်ကို ဝင်တိုက်မိပြီး ယာဉ်မောင်း သေဆုံးခဲ့တယ်လို့ ပဲနွယ်ကုန်းနယ်မြေ ရဲတပ်ဖွဲစခန်းက ပြောပါတယ်။ ရန်ကုန်းကနေ မန္တလေးဘက်ကို ကျော်မျိုးအောင် မောင်းနှင်လာတဲ့ ကားဟာ ယာဉ်မောင်းဖြစ်သူ အိပ်ငိုက်ပြီးလက်ဘေးရှိ ကုက္ကိုပင်အားဝင်တိုက်မိပြီး ယာဉ်မောင်း သေဆုံးခဲ့တာပါ။ ယာဉ်နောက်လိုက်ကတော့ ဒဏ်ရာရလို့ ဆေးရုံတင်ထားရပြီး စိုးရိမ်စရာ မရှိဘူးလို့ သိရပါတယ်။ “သစ်ပင်ကလမ်းနဲ့ သုံးပေးလောက်တော့ ဝေးမယ်ထက်တယ်ဗျ။ ယာဉ်မောင်းက ငိုက်သွားပုံရတယ်။ ကုက္ကိုပင်ကိုဝင်တိုက်တာပါ။ ယာဉ်မောင်းလို့ ပြောတာပဲ သေတဲ့လူကတော့။ ခေါင်းကြေသွားတယ်။ တိုက်တဲ့အရှိန်နဲ့ ညပ်ပြီးဖြစ်သွားတာပါ။ ကားသမားတွေ သတိထားသင့်ပါတယ်။ ငိုက်လာပြီ အိပ်ချင်လာပြီဆိုရင်တော့ ရပ်ပြီးအိပ်သင့်တယ်။ အဲဒီလို ရပ်ပြီး အိပ်လိုက်ရင် အခုလိုအဖြစ်မျိုးနဲ့ ရင်မဆိုင်ရတော့ဘူးပေါ့။ အခုတော့ စိတ်မကောင်းစရာပါဗျာ" လို့ ယာဉ်မတော်တဆမှုကို သွားယောက်ကူညီနေသူတဦးက ပြောပါတယ်။ ပဲနွယ်ကုန်းနယ်မြေ ရဲတပ်ဖွဲစခန်းက လူအားအသက်သေဆုံးဒဏ်ရသည်အထိ ယာဉ်အားမဆင်မခြင်မောင်နှင်တဲ့ aကျာ်မျိုးအောင်ကို ရာဇသတ်ကြီးပုဒ်မ-၃၀၄-က /၃၃၇ နဲ့ အမှုဖွင့် အရေးယူဆောင်းရွက်ထားတယ်လို့ သိရပါတယ်။ သတင်း-ကျော်အောင် (ကညွတ်ကွင်း )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024