DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ဘုရားဖူးယာဉ်တစီး မီးလောင်
DVB
·
December 31, 2017
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ဘုရားဖူးယာဉ်တစီး မီးလောင်
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်-၉၉/၃ အနီးမှာ ဒီနေ့မနက်ပိုင်းက ခရီးသည်တင် ယာဉ်တစီး မီးလောင်ကျွမ်းတယ်လို့ မြို့ချောင်းအမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကားက ရန်ကုန်ဘက်ကလာတာ။ အပူချိန်များပြီးလောင်တဲ့ သဘောပဲ။ နားနားပြီးမောင်းလာတာလို့ ပြောတယ်။ ယာဉ်ပေါ်မှာတော့ ခရီးသည် ၄၀ နီးပါးပါတယ်။ အသေအပျောက်နဲ့ ဒဏ်ရာရတာတော့ မရှိပါဘူး။ ယာဉ်မောင်းကိုတော့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်နေပါတယ်” လို့ မြို့ချောင်းအမြန်လမ်းမကြီး ရဲတပ်ဖွဲစခန်း ဝန်ရှိသူတဦး ပြောပါတယ်။

ဖြစ်စဉ်မှာ ရန်ကုန်မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၉/၃ နဲ့ ၉၉/၄ အကြားမှာ ရန်ကုန်ကနေ ပုဂံဘက်ကို ယာဉ်မောင်းမင်းမင်း မောင်းနှင်လာတဲ့ ဘုရားဖူးယာဉ်မှာ အင်ဂျင်ခန်းက ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရတာ ဖြစ်ပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ယာဉ်ပေါ်မှာ ပါလာတဲ့ သံဃာ ၄ ပါး၊ ကျား ၁၇ ဦး၊ မ ၁၉ ဦး စုစုပေါင်း ၄၀ ဦးမှာ ထိခိုက်မှုမရှိခဲ့ပေမယ့် ယာဉ်တစီးလုံး မီးလောင်ကျွမ်းမှုကြောင့် ကာလတန်ဖိုး ကျပ်သိန်း ၂၀၀ ဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

မြို့ချောင်းအမြန်လမ်းမကြီး ရဲစခန်းက ယာဉ်မောင်းကို ယာဉ်ကြံ့ခိုင်မှုကို စစ်ဆေးခြင်းမရှိဘဲ မောင်းနှင်ခဲ့လို့ ယာဉ်မဆင်မခြင်မောင်းနှင်မှု/မီးပေါ့ဆမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ-၂၇၉/၂၅၈ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013