DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်တွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်၊ ၂ ဦးသေ
DVB
·
August 20, 2017
ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်တွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်၊ ၂ ဦးသေ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ၈ ရပ်ကွက် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၇၄/၇ နဲ့ ၁၇၅/၀ ကြားမှာ  သြဂုတ် ၁၉ ရက် ည ၇ နာရီ ကျော်လောက်က ဆိုင်ကယ် နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိပြီး ဆိုင်ကယ်မောင်းသူ ၂ ဦးလုံး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေး လမ်းမကြီးအတိုင်း တောင်ဘက်ကနေ မြောက်ဘက်ကို စည်သူဦး ၂၀  မောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့ မြောက်ဘက်ကနေ တောင်ဘက်ကို အမည်မသိ အမျိုးသားတဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိပြီး ရရှိတဲ့ ဒဏ်ရာတွေနဲ့ ၂ ဦးလုံး အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့တာပါ။

“အဲဒီ နှစ်စီးလုံးက လမ်းလယ်ခေါင်မှာ ဟိုဘက်ဒီဘက် မျက်နှာချင်းဆိုင်တိုက်ကြတာ၊ အဲဒီနားမှာပဲ နှစ်ယောက်လုံး ပွဲချင်းပြီးသေသွားတယ်၊ တယောက်ပဲနာမည်တွေ၊ နေရပ်လိပ်စာတွေရတယ်၊ တယောက်ကတော့ စုံစမ်းလို့မရဘူး မျက်နှာချင်းဆိုင်တိုက်တာ ဆိုတော့ နှစ်ယောက်စလုံးကို အမှုဖွင့်ရမှာပဲ” လို့ တောင်ငူခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်မျိုးလွင်က ပြောပါတယ်။

တောင်ငူမြို့မ ရဲစခန်းက စည်သူဦးနဲ့ အမည်မသိ အမျိုးသားတဦးတို့ကို လူသေဆုံးသည်အထိ ယာဉ်မဆင်မခြင်မောင်းနှင်မှု ပြစ်မှုပုဒ်မ-၃၀၄(က) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း - သားကြီး(တောင်ငူ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013