DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ဆိုင်ကယ်မှောက်၊ ဆည်မြောင်းဒုဦးစီး သေဆုံး
DVB
·
September 7, 2017
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ဆိုင်ကယ်မှောက်၊ ဆည်မြောင်းဒုဦးစီး သေဆုံး
Donate to DVB

မန္တလေးတိုင်းဒေသကြီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၂၉၆/၀ နှင့် ၁ အကြား ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က ဆိုင်ကယ် တိမ်းမှောက်လို့ ဆည်မြောင်းဒုဦးစီး သေဆုံးပြီး ရဲဒုတပ်ကြပ် ဒဏ်ရာရခဲ့ပါတယ်။

မလှိုင်ဆည်မြောင်းဌာနက ဒုဦးစီး ဦးမြမင်း မောင်းနှင်ပြီး ရဲဒုတပ်ကြပ် သက်နောင်ထွန်း လိုက်ပါလာတဲ့ဆိုင်ကယ်ဟာ လမ်းချော် စလစ်ဖြစ် တိမ်းမှောက်ခဲ့တာဖြစ်ပြီး ဦးမြမင်း နေရာတင် သေဆုံးကာ ရဲဒုတပ်ကြပ် သက်နောင်ထွန်း ဒဏ်ရာရခဲ့တာလို့ သီးကုန်းအမြန်လမ်း ရဲစခန်းက ပြောပါတယ်။

ရဲအုပ်ဇော်လိုင်မြင့်က “သီးကုန်းအမြန်လမ်း စခန်းမှူးနဲ့တပ်ဖွဲ့ဝင်တွေ မီးသတ်နဲ့ ကျန်းမာရေးအဖွဲ့တွေ သွားခဲ့တယ်၊ ဒုဦးစီး ဦးမြမင်း ခေါင်းနောက်စေ့ပေါက်တယ်၊ နှာခေါင်းသွေးထွက်တယ်၊ နေရာတင် သေဆုံးပါတယ်၊ ရဲဒုတပ်ကြပ် သက်နောင်ထွန်း ဒဏ်ရာပြင်းတယ် စိုးရိမ်ရတယ်၊ မိတ္ထီလာဆေးရုံ ပို့ပေးရတယ် ဆိုင်ကယ်က အရှိန်ပြင်းပြင်း မောင်းလာတာ ဖြစ်မယ်ဗျ” လို့ ပြောပါတယ်။

သီးကုန်းအမြန်လမ်း ရဲစခန်းက ဒုဦးစီး ဦးမြမင်းကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု ပြင်းထန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ-၃၀၄-က/၃၃၈ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013