DVB Logo
Home
မြန်မာသတင်း
ဗန်းမောက်မြို့နယ်တွင် တရားမဝင်သစ်များ သယ်ဆောင်လာသည့် ပါဂျဲရိုးကား ဖမ်းမိ
DVB
·
June 29, 2017
ဗန်းမောက်မြို့နယ်တွင် တရားမဝင်သစ်များ သယ်ဆောင်လာသည့် ပါဂျဲရိုးကား ဖမ်းမိ
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ တရားမဝင် တမလန်းသစ်တွေ သယ်ဆောင်လာတဲ့ ပါဂျဲရိုးကားတစီးကို ဇွန်လ ၂၈ ရက် မွန်းလွဲပိုင်းအချိန်က ဖမ်းဆီးရမိခဲ့တယ်လို့ ကသာခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဇွန်လ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန် ဗန်းမောက်မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတွေ၊ ဗန်းမောက်မြို့မရဲစခန်းမှ တာဝန်ရှိသူတွေဟာ ဗန်းမောက်မြို့အထွက် လမ်းမှာ တရားမဝင်သစ်ဖမ်းဆီးရေး စစ်ဆေးမှုတွေ ဆောင်ရွက်နေစဉ် ယာဉ်မောင်းဇာနည် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ခင်မောင်ချင်း လိုက်ပါလာတဲ့ ယာဉ်အမှတ် 6C/2408 ပါဂျဲရိုး ခဲရောင်ကားကို ရပ်တန့်စစ်ဆေးရာ ကားပေါ်မှ ကာလတန်ဖိုး ကျပ် ၇၂၁၉၂၀ ရှိတဲ့ တမလန်းဓားရွေးတုံး ၁၀ တုံး ၀ ဒသမ ၆၇၉၈ တန် တွေ့ရှိသိမ်းဆည်းရမိခဲ့တာပါ။

တရားမဝင် တမလန်းသစ်တွေ သယ်ဆောင်လာသူ ဗန်းမောက်မြို့၊ မြို့မရပ်ကွက် ဆေးရုံဝင်း နေသူ ဇာနည်(၃၃-နှစ်)နဲ့ ဗန်းမောက်မြို့နယ်၊ နောင်မဲလုံးကျေးရွာနေသူ ခင်မောင်ချင်း (၃၂-နှစ်) တို့ကို ဗန်းမောက်မြို့မရဲစခန်းမှ (ပ)၆၂/၂၀၁၇ ပြည်သူပိုင် ၆(၁) နဲ့ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013