နိုင်ငံရေးအကျဉ်းသားဟောင်းများ တွေ့ဆုံပွဲ ကျင်းပ (သတင်းဓာတ်ပုံ)
DVB
·
February 1, 2012

မနေ့ ညနေက ရန်ကုန် စိမ်းလမ်းစိုပြေ ဥယျာဉ်မှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ တွေ့ဆုံပွဲတခု ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကို self help လို့ခေါ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကိုယ်ထူကိုယ်ထအဖွဲ့က ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။ ဒီပွဲကို ဝါရင့်နိုင်ငံရေးသမားကြီးတွေ၊ ရွှေဝါရောင်တော်လှန်ခေါင်းဆောင် သံဃာတွေနဲ့ ၈၈ ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုကိုကြီး၊ ကိုမြအေး အစရှိတဲ့ သူတွေ တက်ရောက်ခဲ့ပါတယ်။
Read more