Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်တက်ရောက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ စတင် (ရုပ်သံ)
DVB
·
April 29, 2017

by dvburma အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို ဒီနေ့မနက်ပိုင်း စတင်ကျင်းပနေပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်နေပါတယ်။ ဆွေးနွေးပွဲရဲ့ လုပ်ငန်းစဉ်တွေထဲမှာ အခြားအရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှစ်ဖက်တွေ့ဆုံဆွေးနွေးတာ ပါဝင်သလို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း ဖုန်းခေါ်ဆိုဆွေးနွေးမယ်လို့ သိရပါတယ်။ အခမ်းအနား ညစားစားပွဲမတိုင်ခင် ညနေ ၆ နာရီမှာ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးမှ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတို့မှ အဆင့်တူပုဂ္ဂိုလ်/သမ္မတတွေနဲ့ နှစ်ဦးနှစ်ဖက်ဆွေးနွေးမယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးနဲ့ အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်လ်ထရမ့်ပ်တို့ ည ၁၀ နာရီအချိန်မှာ ဖုန်းပြောဆိုဆွေးနွေးမယ်လို့ စီအန်အန်သတင်းမှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024