DVB Logo
Home
မြန်မာသတင်း
ရတနာနှင်းဆီ တန်ဖိုးသင့်အိမ်ရာရောင်းချပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
DVB
·
December 24, 2016
ရတနာနှင်းဆီ တန်ဖိုးသင့်အိမ်ရာရောင်းချပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
Donate to DVB

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ရတနာနှင်းဆီ တန်ဖိုးသင့် အိမ်ရာစီမံကိန်း စတင်ရောင်းချပွဲကို ဒီနေ့ ပြုလုပ်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဒဂုံဆိပ်ကမ်းမြို့နယ် ဧရာဝဏ်လမ်းနှင့် ရတနာလမ်းမကြီး ဘေးနှစ်ဖက်မှာ ရတနာနှင်းဆီအမည်နဲ့ တာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပြီး တိုက်တလုံးမှာ အခန်း ပေါင်း ၂၇၆ ခန်းပါရှိတဲ့ ၁၈ ထပ်တိုက် ငါးလုံး၊ အခန်းပေါင်း ၁၃၈ဝ ပြီးနေပြီဖြစ်လို့ စတင်ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။

ရတနာနှင်းဆီအိမ်ရာစီမံကိန်းကနေ သိန်း ၆၀၀ တန် တိုက်ခန်းနဲ့ သိန်း ၁၂၀၀ ဆိုပြီး နှစ်မျိုးခွဲ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

တိုက်ခန်းတွေကို ၀ယ်ယူလိုသူတွေအနေနဲ့ ၃ဝ ရာခိုင်နှုန်း ကနဦးငွေပေးသွင်းပြီး ကျန် ၇ဝ ရာခိုင်နှုန်းကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHD Bank) နဲ့ ချိတ်ဆက်ပြီး လစဉ်အရစ်ကျ ၈ နှစ်မှ ၁၅ နှစ်အထိ ပေးသွင်း ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013