DVB Logo
Home
မြန်မာသတင်း
ပြင်သစ်ယဉ်ကျေးမှုဌာန ဓာတ်ပုံပြပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
DVB
·
March 12, 2017
ပြင်သစ်ယဉ်ကျေးမှုဌာန ဓာတ်ပုံပြပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
1 / 9
Donate to DVB

ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ကျင်းပတဲ့ ၉ ကြိမ်မြောက် ရန်ကုန်ဓာတ်ပုံပြပွဲနဲ့ ဆုပေးပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။

ရန်ကုန်မြို့ ဟံသာဝတီအဝိုင်းအနီးမှာ ရှိတဲ့ ပြင်သစ်ယဉ်ကျေးမှုဌာနမှာ မတ်လ ၁၁ ရက်နေ့ညနေမှာ ကျင်းပခဲ့ပါတယ်။

ဒီပွဲဟာ ပြင်သစ်ယဉ်ကျေးမှုဌာနက ဓာတ်ပုံသင်တန်းပေးထားတဲ့ ဓာတ်ပုံဆရာတွေနဲ့ ဓာတ်ပုံပညာရှင်တွေရဲ့ ဝင်ရောက်ယှဉ်ပြိုင်ထားတဲ့ ပုံပေါင်း ၇၀ ထဲက ဆန်ကာတင် ရွေးချယ်ထားတဲ့ပုံတွေကို ပြသသွားမှာပါ။

ဒီဆန်ကာတင်ရွေးချယ်ထားတဲ့ ပုံတွေထဲက အကောင်းဆုံးဓာတ်ပုံတွေကို ရွေးချယ်ဆုပေးသွားမှာဖြစ်ပါတယ်။

ဆုရွေးချယ်ရေးအဖွဲ့နာယကအဖြစ် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူသွားမှာဖြစ်ပါတယ်။

ရွှေဝါရောင်တော်လှန်ရေးအပြီးမှာ စတင်ခဲ့တဲ့ ရန်ကုန်ဓာတ်ပုံပွဲတော်ဟာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှာ ရှိတဲ့ တိုင်းရင်းသားဓာတ်ပုံဆရာ ၅၀၀ ကျော်ကို လေ့ကျင့်ပေးခဲ့ပြီး သူတို့တွေရဲ့ လူမှုရေး ယဉ်ကျေးမှုနဲ့ ပတ်ဝန်းကျင်ရေးရာတွေကို ဓာတ်ပုံဇာတ်လမ်းတွေနဲ့ မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013