မန္တလေးတွင် နှစ်နေရာ မီးလောင် (ဓာတ်ပုံသတင်း)
အေးနိုင်
·
January 19, 2012
မန္တလေးတိုင်းအတွင်းက မြို့နယ်နှစ်ခုမှာ ဒီမနက် အရုဏ်မတက်ခင်က မီးဖိုမီးကြွင်းမီးကျန်ကနေ စတင်ပြီး မီးလောင်ကျွမ်းပါတယ်။
မဟာအောင်မြေမြို့နယ် သံလျက်မော်ရပ်ကွက်မှာ ဒီမနက် ၂ နာရီခွဲခန့်က စပြီး တနာရီခန့် လောင်ကျွမ်းတဲ့မီးကြောင့် အိမ်ခြေသုံးဆယ်ခန့် မီးစွဲလောင်ပါတယ်။
မီးဘေးဒုက္ခသည် မိသားစု ၂၈ စု လူဦးရေစုစုပေါင်း ၁၀၀ ကျော်ကို ရပ်ကွက်ထဲက ဓမ္မာရုံမှာ နေရာချထားပါတယ်။
အောင်မြေသာဇံမြို့နယ် မေဃဂီရိရပ်ကွက်မှာလည်း ဒီမနက်ငါးနာရီက အိမ်တအိမ်မှာ မီးဖို မီးကြွင်းမီးကျန်ကနေ လောင်ကျွမ်းတဲ့မီးဟာ ဆယ်မိနစ်ခန့်အကြာမှာ ငြိမ်းသွားတယ်လို့ မန္တလေးမြို့ခံက ပြောပါတယ်။ Read more