Home
မြန်မာသတင်း
၆၆ ဃ နှင့်စပ်လျဉ်းပြီး လွှတ်တော်တွင် ပြောဆိုဆွေးနွေးခြင်း မရှိ
DVB
·
December 22, 2016
  လူပြောများနေတဲ့ ဆက်သွယ်ရေးပုဒ်မ ၆၆-ဃ နဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်မှာ မေးခွန်းမေးခြင်း၊ အဆိုတင်ခြင်းလုပ်လာတာ အခုထိ မရှိသေးဘူးလို့ ဥက္ကဋ္ဌဦးဝင်းမြင့်က ပြောပါတယ်။ ဒီဇင်ဘာ ၂၁ ရက်က လွှတ်တော်ဥက္ကဋ္ဌရဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပြီး ၆၆-ဃ နဲ့ ပတ်သက်လို့ လွှတ်တော်တင်လာခဲ့ရင် လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးဆုံးဖြတ်သလို လက်ခံလုပ်ဆောင်ပေးမယ်လို့လည်း ဆိုပါတယ်။ “ဒီနေ့အချိန်အထိ ကိုယ်စားလှယ် တဦးတယောက်ကမှ ဒီကိစ္စနဲ့ ပတ်သက်လို့ မေးခွန်း တင်လာတာ အဆို တင်လာတာ ဥပဒေကြမ်း တင်လာတာ မရှိသေးပါဘူး၊ ရှိလာလို့ ရှိတဲ့အခါ ကျရင်တော့ ခုန ပြောသလို ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံးက ဆွေးနွေးပြီးတော့ ခါတိုင်းဥပဒေတွေလို ပြင်မလား ပြုမလားလို့ မေးတဲ့အတွက် ဆွေးနွေးပြီးတော့မှ ဒါကို ဆုံးဖြတ်တာ ပေါ်ပါလိမ့်မယ်၊” ဦးဝင်းမြင့်က ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ နဲ့ ပတ်သက်လို့ သူ့ထံ လာရောက်ဆွေးနွေးကြတဲ့ သံတမန်တွေရှိတယ်။ အဲ့ဒီလို လာရောက်ဆွေးနွေးကြတဲ့ သံတမန်တွေရဲ့ နိုင်ငံတွေမှာလည်း အလားတူ ဥပဒေတွေ ရှိတဲ့အကြောင်း သူ ထောက်ပြ ရှင်းလင်းဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။ ၂၀၁၃ ခုနှစ်၊ ပထမအကြိမ်လွှတ်တော်မှာ ပြဋ္ဌာန်းခဲ့တဲ့ ဆက်သွယ်ရေးဥပဒေနဲ့ အစိုးရသစ်လက်ထက် တရားစွဲဆိုမှုပေါင်း ၃၀ ခန့် ရှိနေပါတယ်။ တရားစွဲဆိုခံထားတဲ့အမှုတွေမှာ သာမန် ဖေ့စ်ဘွတ်သုံးစွဲတဲ့သူတွေ ပါဝင်သလို တက်ကြွ လှုပ်ရှားသူများ၊ သတင်းစာအယ်ဒီတာများ ပါဝင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024