ပြည်တွင်းငြိမ်းချမ်းရေးအတွက် သံဃာတော်များ ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
November 15, 2011

ရွှေဝါရောင်သပိတ်ကြောင့် အဖမ်းခံထားရတဲ့ သံဃာတော်တွေ အပါအဝင် နိုင်ငံရေးအ ကျဉ်းသားတွေကို ပြန်လွှတ်ဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် သံဃာတော် ၅ ပါးက မန္တလေး မဟာမြတ်မုနိ ဘုရားကြီးဝင်းထဲမှာ ဒီနေ့မနက် ၅ နာရီကစလို့ ဆန္ဒပြနေ ပါတယ်။
အခုညနေ နောက်ဆုံးထပ်ရတဲ့ သတင်းအရ စိုးရိမ်ဆရာတော်ရဲ့ မေတ္တာရပ်ခံချက်အရ ဆန္ဒပြနေတဲ့ သံဃာတော်တွေဟာ မဟာမြတ်မုနိဘုရားကြီးဝင်းကနေ မစိုးရိမ်တိုက်ဟောင်းကို ဒီညနေ ၄ နာရီလောက်မှာ ရွှေ့သွားကြပြီဖြစ်ပါတယ်။
Read more