Home
မြန်မာသတင်း
၂၀၁၅ ဒီဇင်ဘာတွင် အားအကောင်းဆုံး အယ်လ်နီညို ဖြစ်လာတော့မည်
DVB
·
December 8, 2015
၂၀၁၅ ခုနှစ်ရဲ့ အယ်လ်နီညိုဟာ အားအကောင်းဆုံး စံချိန်တင်ထားတဲ့ ၁၉၉၇ ခုနှစ်ရဲ့ အင်အားထက် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ကျော်လွန်လာခဲ့ပြီလို့ မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောဆိုပါတယ်။ ဒါ့ကြောင့် ဒီနှစ် ဒီဇင်ဘာလမှာ ဖြစ်လာမယ့် ၂၀၁၅ ခုနှစ်ရဲ့ အယ်လ်နီညိုဟာ အယ်လ်နီညိုသမိုင်းမှာ အားအကောင်းဆုံး ဖြစ်လာတော့မယ်ဆိုတဲ့ အချက်ကို တွေ့ရှိထားတယ်လို့လည်း ဆိုပါတယ်။ နောက်နှစ် ၂၀၁၆ နွေဦးရာသီကျော်လွန်ပြီး မိုးဦးအစလောက်အထိ အယ်လ်နီညိုရာသီဥတု ဆက်လက်ဖြစ်ပေါ်လာမှု ရှိနေပါတယ်။ လာမယ့်တပတ် ဒီဇင်ဘာ ၇ ရက်ကနေ ၁၃ နေ့အတွင်း ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာသွန်းနိုင်တယ်လို့လည်း ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောဆိုပါတယ်။ အလားတူ ကရင်၊ မွန်၊ တနင်္သာရီတို့မှာလည်း နေရာကွက်ကျား မိုးအနည်းငယ် ရွာသွန်းနိုင်တာကလွဲလို့ ကျန်တပြည်လုံးမှာ အများအားဖြင့် ရာသီဥတု သာယာနိုင်တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၇ ရက်ကနေ ၁၃ ရက်နေ့အထိ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတွေမှာ ညအပူချိန် အနိမ့်ဆုံးအနေနဲ့ ၄ ဒီဂရီ စင်တီဂရိတ်မှ ၁၈ ဒီဂရီ စင်တီဂရိတ်ခန့် ကြုံတွေ့နိုင်ပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာတော့ ညအပူချိန်ဟာ ၂၀ ကနေ ၂၄ ဒီဂရီ စင်တီဂရိတ်အထိ ရှိနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။ အေးမိစံ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024