DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်ဟု မိုးဇလထုတ်ပြန်
DVB
·
December 8, 2016
မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်ဟု မိုးဇလထုတ်ပြန်
Donate to DVB

ဒီနေ့ မြန်မာစံတော်ချိန် မနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်တောင်ဘက် ၂၄၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ ဒါကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေက ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ အနေနဲ့  ကြိုတင်သတိပြုဖို့ အကြံပြုထားပါတယ်။

ဒီ အားကောင်းတဲ့ မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက် ဦးတည်ရွေ့လျားမယ့် အခြေအနေ မရှိတာကြောင့် အဝါရောင်အဆင့် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013