DVB Logo
Home
မြန်မာသတင်း
ဖီထိုင်း ဆိုင်ကလုန်းမုန်တိုင်း အဝါရောင်အဆင့်သတ်မှတ်၊ မိုးသက်လေပြင်းကျ လှိုင်းကြီးနိုင်
DVB
·
December 17, 2018
ဖီထိုင်း ဆိုင်ကလုန်းမုန်တိုင်း အဝါရောင်အဆင့်သတ်မှတ်၊ မိုးသက်လေပြင်းကျ လှိုင်းကြီးနိုင်
Donate to DVB

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖီထိုင်း (PHETHAI) ရဲ့ လက်ရှိအခြေအနေဟာ မြန်မာနိုင်ငံဘက် ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိတဲ့အတွက် အဝါရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးဇလဌာနက ဒီမနက် ထုတ်ပြန်ပါတယ်။

ဒီမနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖီထိုင်းဟာ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၁၄၀ ခန့်၊ မာချီလီ ပတ္တနမ်မြို့ရဲ့ အရှေ့တောင်ဘက် ၁၁၅ မိုင်ခန့်၊ ကာကီနာဒါမြိုရဲ့ တောင်ဘက် ၁၄၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း ဖီထိုင်းရဲ့ အမြင့်ဆုံးလေတိုက်နှုန်းဟာ တနာရီလျှင် ၆၅ မိုင်နှုန်းဖြစ်ပြီး နောက် ၁၂ နာရီအတွင်း အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းဖီထိုင်းရဲ့ အရှိန်ကြောင့် ၄၈ နာရီအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်၊ ရှမ်းမြောက်နဲ့ ချင်းပြည်နယ်မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ်နဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)နဲ့ ရခိုင်ပြည်နယ်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့  သတိပေးနှိုးဆော်ထားပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ တခါတရံ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်တယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ တနာရီလျှင် မိုင် ၃၀မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၆ ပေမှ ၉ ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ ကြိုတင်သတိပြုကြဖို့လည်း မိုးဇလက အကြံပြု တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013