Home
မြန်မာသတင်း
ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတင်
ကျော်ဇေယျာဝင်း
·
November 16, 2015
12241344_10204894466913365_7263292116981162680_n
12250137_10204894457113120_2590707628573559575_n
12246672_10206319421516890_3769540110280498354_n
12208809_10206319421316885_6541627117321487905_n
ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဒီကနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ စတင်ကျင်းပပါတယ်။ ဒီကနေ့လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ လက်ရှိအမတ်တွေအနေနဲ့လည်း ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးမှာ မပါဝင်တော့ပေမယ့် အခုလွှတ်တော်အစည်းအဝေးမှာ သစ္စာရှိရှိ ဆောင်ရွက်ကြဖို့ နှုတ်ခွန်းဆက်စကားမှာ ပြောဆိုသွားပါတယ်။ ဒီကနေ့အစည်းအဝေးမှာတော့ ကုန်လမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများဥပဒေကြမ်း၊ ရထားပို့ ဆောင်ရေးလုပ်ငန်းများ ဥပဒေကြမ်းနဲ့ ကုန်သွယ်ရေကြောင်းသွားလာရေး ဥပဒေကြမ်းတို့ အစီရင်ခံစာတွေကို ဖတ်ကြားရှင်းလင်းကြားရှင်းလင်းသလို ပြည်ထဲရေးဝန်ကြီးဌာနက တင်သွင်းတဲ့ မြန်မာနိုင်ငံ ယစ်မျိုးအက်ဥပဒေကြမ်းနဲ့စပ်လျဉ်းပြီး တင်သွင်းထားတဲ့ ပြင်ဆင်ချက် အဆိုကို တစ်ပိုဒ်ချင်းစီအလိုက် ဆွေးနွေးပြီး အတည်ပြုခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024