DVB Logo
Home
မြန်မာသတင်း
လွှတ်တော်အမတ်များ တာဝန်အလွဲသုံးစား မလုပ်ရန် သမ္မတသတိပေး
DVB
·
February 1, 2019
လွှတ်တော်အမတ်များ တာဝန်အလွဲသုံးစား မလုပ်ရန် သမ္မတသတိပေး
Donate to DVB

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တာဝန်ယူမှုတာဝန်ခံမှုကို အလွဲသုံးစားမလုပ်ကြဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ဒုတိယအကြိမ် လွှတ်တော်များရဲ့  (၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ သမ္မတက အခုလိုပြောကြားခဲ့တာပါ။

“လွှတ်တော်ကိုယ်စားလှယ်တွေကို ကျနော်တို့ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် အခွင့်အရေးတွေလည်း ပေးထားပါတယ်။ ဒီရပိုင်ခွင့် လုပ်ပိုင်ခွင့် အခွင့်အရေးတွေဟာ တနည်းအားဖြင့် ပြောမယ်ဆိုလို့ရှိရင် လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဥပဒေနဲ့အညီ လွတ်လပ်စွာဆောင်ရွက်ခွင့် ပေးထားသလို တဖက်မှာလည်း မေးခွန်းတွေ၊ အဆိုတွေ၊ ဥပဒေကြမ်းတွေနဲ့ ပတ်သက်လို့ရှိရင် ကန့်သတ်ချက် စည်းကမ်းချက် ကျင့်ဝတ်တွေဆိုတာ ရှိပါတယ်။ အဲ့ဒီ ကန့်သတ်ချက် စည်းကမ်းချက် ကျင့်ဝတ်တွေဟာ တကယ်ပြောမယ်ဆိုလို့ရှိရင် ကိုယ်စားလှယ်တွေကို တာဝန်ခံမှု၊ တာဝန်ယူမှု ရှိစေချင်တာ ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးကို မှန်ကန်စွာ ကျင့်သုံးရသလို တာဝန်ယူမှုနဲ့ တာဝန်ခံမှုကိုလည်း အလွဲသုံးစား မလုပ်ရဘူးဆိုတာကို ဒွန်တွဲပြဋ္ဌာန်းထားခြင်း ဖြစ်ပါတယ်။”

ဒုတိယအကြိမ် လွှတ်တော် ၃ နှစ်မြောက် အခမ်းအနားကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့လည်း  တက်ရောက်မိန့်ခွန်းပြောခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ "ဒီမိုကရေစီအစ လွှတ်တော်က၊ လွှတ်တော်အစ ပြည်သူက" ဖြစ်တယ်လို့ ထည့်သွင်း ပြောကြားသွားခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ဟာ ဒီမိုကရေစီ ပျိုးခင်းလေးဖြစ်တယ်၊ အဲ့ဒီပျိုးခင်း တနိုင်ငံလုံး ပျံ့နှံ့အောင် ကြိုးပမ်းကြဖို့ တိုက်တွန်း ပြောသွားပါတယ်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီ အနိုင်ရပြီးနောက် အန်အယ်လ်ဒီ အစိုးရလက်ထက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စတင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013