DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုလွှတ်တော် ရပ်နား၊ ဥပဒေကြမ်း ၁၃ ခု အတည်ပြုနိုင်
DVB
·
March 15, 2019
ပြည်ထောင်စုလွှတ်တော် ရပ်နား၊ ဥပဒေကြမ်း ၁၃ ခု အတည်ပြုနိုင်
Donate to DVB

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ရဲ့  (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂ လနီးပါး ကျင်းပခဲ့ပြီးနောက်  ဒီကနေ့မတ် ၁၅ ရက်မှာ ရပ်နားလိုက်ပြီး သင်္ကြန်ပိတ်ရက်တွေပြီးမှ ပြန်လည် ကျင်းပမှာ ဖြစ်ပါတယ်။

ဒီတကြိမ် ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေကြမ်း ၁၃ ခု အတည်ပြုနိုင်ခဲ့ပြီး မပြီးပြတ်သေးတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းစဉ်ကို လာမယ့် ၁၂ ကြိမ်မြောက် အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးမယ်လို့ လွှတ်တော်နာယက ဦးတီခွန်မြတ်က  ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းပြီး ကော်မတီအတွင်း ဆွေးနွေးဆောင်ရွက်လျက် ရှိပါတယ်။ အလားတူပဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းကိုလည်း ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကျန်ရှိတဲ့ လုပ်ငန်းစဉ်များကို ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ဆက်လက် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။”

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အခုလို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နေချိန်မှာ မှန်ကန်တဲ့ စေတနာနဲ့ ပူးပေါင်းလုပ်ဆောင်ကြဖို့လည်း လွှတ်တော်နာယက က တိုက်တွန်းပါတယ်။

ဒီတကြိမ် လွှတ်တော်အတွင်း ကိုယ်စားလှယ်အများစုရှိနေတဲ့ အန်အယ်လ်ဒီက ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်အတွင်းက စတင်ကြိုးပမ်း လုပ်ဆောင်ခဲ့ပြီး ဒါကို တပ်မတော်နဲ့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်တွေက အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။

ဇန်နဝါရီ ၂၁ ရက်မှာ ပြန်လည်စတင်ကျင်းပတဲ့  ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက် အစည်းအဝေးတွေ ရပ်နားခဲ့တာဖြစ်ပြီး လွှတ်တော်ပြက္ခဒိန်အရ ၁၂ ကြိမ်မြောက် လွှတ်တော်တွေကို ဧပြီ ၂၂ ရက်မှာ ပြန်လည်ကျင်းပမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013