DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူမြို့နယ်ကို ခရိုင်အဆင့်သတ်မှတ်ပေးရန် ဆန္ဒပြတောင်းဆို
DVB
·
June 28, 2015
ကန့်ဘလူမြို့နယ်ကို ခရိုင်အဆင့်သတ်မှတ်ပေးရန် ဆန္ဒပြတောင်းဆို
1 / 7
Donate to DVB

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ကို ခရိုင်အဆင့် အမြန်ဆုံး တိုးချဲ့သတ်မှတ်ပေးဖို့ ဒေသခံတွေစုပေါင်းပြီး လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ကန့်ဘလူမြို့နယ်ကို ခရိုင်အဆင့်တိုးချဲ့သတ်မှတ်ဖို့ နိုင်ငံတော် ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ မတ် ၃၀ ရက်နေ့က အမိန့်ကြေညာစာထုတ်ပြန်ထားတာပါ။

ဒါပေမယ့် ၃ လနီးပါးကြာလာတဲ့အထိ အစိုးရက တရားဝင် ခရိုင်အဖြစ် ဖွင့်ပွဲကျင်းပတာတွေ မရှိသေးတာကြောင့် ဇွန်လ ၂၇ ရက်နေ့က ဒေသခံတွေ စုပေါင်းပြီး ခရိုင်အဆင့်အဖြစ် အမြန်ဆုံးဖွင့်လှစ်သွားနိုင်ဖို့ ကန့်ဘလူးမြို့မှာ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးသိန်းဝင်းက “၂၀၁၅ ခုနှစ် မတ် ၃၀ ရက်နေ့က နိုင်ငံတော် ပြည်ထဲရေးဝန်ကြီးဌာနကနေပြီး အမိန့်ကြေညာစာ ၃၅၄ နဲ့ ထုတ်ပြန်ထားပါတယ်။ အမိန့်ထုတ်ထားပေမယ့်လို့ ဒီနေ့ အချိန်ကာလအထိ ကျနော်တို့ မြို့နယ်ဟာ ခရိုင်အဆင့်နဲ့ တိုးမြှင့်ဖွင့်လှစ်ပေးနိုင်တာမျိုးမရှိပါဘူး။ အဲ့တော့ လူထုလည်း ခရိုင်ဖြစ်မှဖြစ်ပါ့မလား ဆန္ဒ တဖွားဖွားပေါ်လာပါတယ်။ လူထုဆန္ဒအရ ဒီနေ့ဆန္ဒဖော်ထုတ်ရတာဖြစ်ပါတယ်။”

ဒီဆန္ဒပြပွဲကို ငြိမ်းချမ်းစွားစုဝေးစီးတန်းလှည့်လည်ဖို့ ခွင့်ပြုရယူပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။

ကန့်ဘလူမြို့ ဗောဓိဘုရားကွင်းကနေစပြီး စည်းပင်လမ်း၊ ယဇနလမ်း၊ တပင်ရွှေထီးလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းတွေကနေ ဗောဓိဘုရားကွင်းမှာ ပြန်လည်စုဝေးခဲ့ပါတယ်။

ဦးဆောင်သူတဦးဖြစ်တဲ့ ဦးအေးက “နိုင်ငံတော်အကြီးအကဲများခင်းဗျား။ ကန့်ဘလူ ခရိုင်ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်တဲ့အတွက် မိမိထုတ်ပြန်သော အမိန့်ကိုပြင်ဆင်မယ်ဆိုပါက၊ ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှ နှစ်မြို့နယ်ကို ပြင်ဆင်ပေးပါ။ သို့သော် ထုတ်ပြန်သော အမိန့်ကိုရုပ်သိမ်းမယ်ဆိုပါက၊ ကန့်ဘလူးမြို့နယ် ကျွန်းလှမြို့နယ်နဲ့ တန့်ဆည်မြို့နယ် ရေဦးမြို့နယ် နယ်သူနယ်သားတွေက ကမ္ဘာတည်သရွေ့ စိတ်ဝမ်းကွဲစရာတွေ ဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်း နိုင်ငံတော် အကြီးအကဲတွေကို အသိပေးကြေညာလိုက်ပါတယ်” လို့ ပြောပါတယ်။

ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်နဲ့ ရေဦး မြို့နယ် ၄ ခုကို ကန့်ဘလူခရိုင်အဖြစ် တိုးချဲ့ဖွဲ့စည်းပြီး ရွှေဘိုခရိုင် မြို့နယ်တွေစာရင်းကနေ ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။

ဆန္ဒထုတ်ဖော်ပွဲကို ကန်ဘလူးမြို့ခံတွေဖြစ်တဲ့  ဦးအေးနဲ့ ဦးသိန်းဝင်းတို့ ဦးဆောင်တာဖြစ်ပြီး လူဦးရေ ထောင်ချီပါဝင်ခဲ့ကြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013