DVB Logo
Home
နိုင်ငံရေး
မတရားအသင်းအဖွဲ့များနှင့် မဆက်ဆံရန် ပါတီများကို သတိပေး
DVB
·
April 20, 2011
Donate to DVB

နိုင်ငံရေးပါတီတွေအနေနဲ့ တရားမဝင်အသင်းအပင်းတွေနဲ့ အဆက်အဆံမလုပ်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတိပေးလိုက်ပါ တယ်။

ရွေးကောက်ပွဲကော်မရှင်က အခုလ ၅ ရက်နေ့စွဲနဲ့ ရွေးကောက်ပွဲဝင် နိုင်ငံ ရေးပါတီ ၃၇ ခုကို အကြောင်းကြားလိုက်တာဖြစ်ပြီး ဒီစာထဲမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂ နဲ့ ယင်း နည်းဥပဒေ ၁၅ ပါ ပြဋ္ဌာန်းချက် တရပ်ရပ်နဲ့ ငြိစွန်းရင် ပါတီပယ်ဖျက်ခံရနိုင်တယ်လို့ သတိပေးထားပါတယ်။

ရည်ညွှန်းခဲ့တဲ့ ဥပဒေနဲ့နည်းဥပဒေတွေထဲမှာ ပါတီတွေဟာ အနည်းဆုံး မဲဆန္ဒနယ် ၃ ခုမှာ ဝင်မပြိုင်ရင် မတရားအသင်း ကြေညာခံရရင်၊ လက်နက်ကိုင်အ ဖွဲ့အစည်း၊ မတရားအသင်း အဖွဲ့အစည်းတွေကို ဆက်သွယ်တာ၊ အားပေးတာတွေ လုပ်ရင် ပါတီ ဖျက်သိမ်းခံရမယ်လို့ ဖော်ပြထားပါတယ်။ ဒီအကြောင်းကြာစားပါ အချက်တချို့ကို နိုင်ငံရေးပါတီတချို့က မရှင်းမလင်း ဖြစ်နေကြသလို၊ ပါတီတချို့ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ ကို ရည်ညွှန်းသယောင် ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။

ကော်မရှင်ရဲ့အကြောင်းကြားစာနဲ့ ပတ်သက်ပြီး မရှင်းလင်းတဲ့အချက်တွေ ပါရှိနေတယ်လို့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေက အခုလို ပြောပါတယ်။

“မရှင်းမလင်းတာတွေက အများကြီးဖြစ်နေတယ်။ တရားမဝင်တဲ့ အသင်း အဖွဲ့တွေဆိုတာ ဘယ်လိုအဖွဲ့တွေလည်း ဆိုတဲ့အပိုဒ်က တော်တော်ပြဿနာ ရှိ တယ်။ သူက အတိအကျ နိုင်ငံတော်အစိုးရ (သို့မဟုတ်) ကော်မ ရှင်ကနေပြီးတော့ ဘယ်လိုအဖွဲ့အစည်းတွေနဲ့ မဆက်ဆံရဘူးဆိုတာကို မထုတ်ပြန်ရင် ပြဿနာရှိ တယ်။ နောက်တခါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဆက်ဆံခွင့် ရှိမရှိ၊ နောက် ကျနော်တို့က သွားပြီး အားပေးအားမြေ‡ာက်လုပ်ရင် လုပ်ခွင့်ရှိမရှိ။ အဲဒါကို ရှင်းရှင်းလင်းလင်း သိချင်တယ်။ အဲဒါကြောင့် နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကိုလည်း ကျနော်တို့ စာပို့မယ်။”

အမျိုးသားဒီမိုကရေစီအင်အားစုပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက လည်း ကော်မရှင်က အခုလို အကြောင်းစာပေးပို့လာတဲ့အပေါ် နားမလည်ဘူးလို့ ခုလိုပြောပါတယ်။

“ပါတီထောင်ခါစကတည်းက လက်မှတ်ထိုးထားတဲ့ ကိစ္စဆိုတော့ အခုမှ လာပြောစရာ အကြောင်းမရှိဘူး။ ကျနော်သိသလောက်ကတော့ တရားမဝင်တဲ့ ပါတီတွေနဲ့ မဆက်ဆံရဘူးဆိုတာတော့ ခုနပြောတဲ့ ဥပဒေ ၁၂ နဲ့ နည်းဥပဒေ ၁၅မှာ မပါဘူး။ မတရားအသင်း ကြေညာခံထားရတဲ့ ပါတီတွေပေါ့။ ဟိုတုန်းကဆိုရင် ဗကပပေါ့။ အဲဒါတွေနဲ့ မပတ်သက်ရဘူးဆိုပြီး သူရည်ညွှန်းတဲ့ ဥပဒေမှာ အဲဒါတွေ ပါပါတယ်။ ဒီဘောင်ထဲမှာရှိနေတာပဲ။ ရှိနေတာကို ထပ်အကြောင်းကြားတယ်ဆို တော့ စဉ်းစားရခက်တာပေါ့။ ဘာကိုရည်ရွယ်လဲပေါ့။ နားမလည်ဘူး။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက တော့ ဒီစာတွေဟာ ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေ၊ လက်အောက်ခံ အဖွဲ့အစည်းတွေကို ဥပဒေအရ အကြောင်းကြားအသိပေးခြင်းသာ ဖြစ်ပြီး အန်အယ်လ်ဒီနဲ့ မဆိုင်ဘူးလို့ ပြောပါတယ်။

အန်အယ်ဒီဟာ ဥပဒေအရ တရားဝင် အဖွဲ့အစည်းတရပ် ဖြစ်တယ်လို့ ဦး ဥာဏ်ဝင်းက ပြောပါတယ်။      နိုင်ငံရေး ပါတီတချို့က အန်အယ်လ်ဒီကို အခုလို ရည်ညွှန်းနေသယောင် ပြောဆိုနေကြတဲ့အပေါ် ဦးဥာဏ်ဝင်းက အခုလို ပြောပါတယ်။

“လုံးဝမမှန်ပါဘူး။ အဲဒီစာတွေမှာ အဲလိုအဓိပ္ပာယ်မျိုး လုံးဝမပါရှိဘူး။ တရားဝင်ပါတီတွေအတွက် သူတို့ပြောထားတာ။ နောက်ပြီးတော့ မတရားအသင်း အဖွဲ့အစည်းဆိုတာလည်း ကျနော်တို့နဲ့ မဆိုင်ဘူးလေ။ ကြေညာထားတာလည်း မရှိဘူး။ နောက် ဥပဒေအရလည်း မတရားအသင်းမဟုတ်ပါဘူး။” အစိုးရသစ်က အန်အယ်လ်ဒီကို အရေးယူဖို့လုပ်နေတယ်ဆိုတဲ့ ကောလာဟလတွေ ရန်ကုန်မှာ ထွက်ပေါ်နေတာလည်း သတင်းအမှားတွေသာ ဖြစ်တယ်လို့ ဦးဥာဏ် ဝင်းက ငြင်းဆိုပါတယ်။

အခုလ ၅ ရက်နေ့ရက်စွဲနဲ့ ပြည်ထောင်စုကော်မရှင်က ကော်မရှင်အဖွဲ့ခွဲ တွေဆီ ပေးပို့တဲ့စာမှာ ဥပဒေနည်းဥပဒေတွေအတိုင်း ပါတီတွေကို ဆက်ကြီးကြပ် ဖို့နဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို ပေးပို့တဲ့စာမှာတော့ နိုင်ငံရေးပါတီတွေ ဥပဒေတွေ နည်းဥပဒေတွေ ဖောက်ဖျက်ရင် ကော်မရှင်ထံကို သတင်းပို့ဖို့ ပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013